Monday 5 December 2011

ကျွန်တော်ရည်ရွယ်ချက်နှင့်ရွှေညာမြေသို့အလွမ်းပြေ.

ရွှေညာမြေရယ်
အနောက်မြောက် လေအသွေး၊ သင်းမွေးသော စပယ်ရနံ့ မြတ်လေးပန်း စပါယ်ပန်း ညမွေးပန်း ရနံ့တို့သည် လေနုလိုင်းကလေးကို စီးခိုရင်း လွင့်ပြန့်မျောပါလာတာကို ကျွန်တော် ရှုရှိက်မိတာလေးကို ရင်ထဲမှာမမေ့နိုင် ရွှေညာမြေရဲအရသာပေါ့ ကျွန်တော် ရွှေညာမြေကိုခွဲခွာခဲတာ ရက်ပေါင်း အတော်ကြာပြီလေ.... လွမ်းလိုက်တာရွှေညာမြေရယ် ခုတော့
မင်းတို့ငါတို့
ဆူးခင်းသောလမ်း ကိုလဲ လျှောက်နေဆဲ လောကဓံမှုံတိုင်းအောက် မှာလဲ ကြံကြံခံနေဆဲ
ဘ၀လမ်းကို အားအင်များနဲ့ ဗေဒါပင်လို အံခဲပြီးဘ၀လမ်းကြမ်းကြီးကို လျှောက်နေရသော်လဲ ရွှေညာမြေကို တမ်းတခြင်းဖြင့်

ကျွန်တော်ပြန်လာရင် ကြိုနေအုံးမှာလား ရွှေညာမြေရယ် ကျွန်တော် ခွဲခွာခဲ့တာ နှစ်တွေ အလီလီပြောင်းခဲ့လေတော့ ကျွန်တော်ကို မေ့လောက်ပြီထင်ပါတယ် ကျွန်တော်ကတော့ မမေ့ပါဘူးလို အခါခါပြောနေပေမဲ့ ကျွန်တော်ရွယ်ချက် ကျွန်တော်ရည်မှန်းချက်လေး ပြည့်စုံနဲ့တနေ့ ကျွန်တော် ရွှေညာမြေသို့  အရောက်လာခဲ့ပါ့မယ်.........

  

Saturday 26 November 2011

သင်သေသွားသော်

သြာ်လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။

( ဆရာဇော်ဂျီ “သင်သေသွားသော်” )

အမေ..


အမေ....သားလေ အမေရှိတဲ့ နေရာလေးကို အမြန်ပြန်လာပြီး  အမေ့ရဲ့ရွားလေးနားမှာနေပြီး  တရားဓမ္မတွေဟောပြီး   ပြုစုလုပ်ကျွေးချင်လှပါပြီ အမေ....
ဒါပေမယ့် အမေရယ်...သားပြန်လာခဲ့ရင်လဲ ကျနော်တို့ဘဝက ချမ်းသာခြင်းဆိုတဲ့ ခံစားမှုမျိုးတွေကို မခံစားရတော့ အမေအရမ်းပင်ပန်းပြီး အလုပ်တွေလုပ်နေရအုံးမှာကို ကျနော်မကြည့်ချင်ဆုံပါ ...သားကို ပညာတတ်ကြီးဖြစ်အောင်ဆိုးပြီး အမေ့နားနှဘက်က အမေ့ရဲ့နားဍောင်းလေး ဖြုတ်ရောင်းပြီး သားကို ရန်ကုန်မြို့ကြီးကို ကျောင်းထားခဲ့တယ် အမေ ......ခုတော့လဲ သားကို ဘွဲ့ရပညာတတ်ကြီးဖြစ်အောင်ဆိုပြီး မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံ တက္ကသိုလ် တွေတတ်နိုင်အောင် အိမ်မှာရှိတဲ့နွားလေး ရောင်းပြီး သားမသိအောင် အမေ သားကို စာသင်စရိပ်ထောက်ပံခဲ့တယ်အမေရယ် သားလေ  အမေ နွားလေးရောင်းပြီး သားကို ပေးလိုက်သော ငွေလေးတသိန်းလေးကို  ရင်ဝယ်ပိုက်ပြီး အမေ မသိအောင်  မျက်ရည်ကျခဲ့ရတယ် အမေ     ရယ်. ...ခုတော့လေ    ဘဝပေးအခြေအနေရ
အမေနဲ့ ဟိုး.....အဝေးတစ်နေရာကိုရောက်နေခဲ့ပေမယ့် အမေကိုတော့တစ်ရက်မှမမေ့ပဲ အမြဲအမေကိုသားသတိရနေတယ်ဆိုတာ အမေလဲသိလောက်မှာပါ.....အမေရယ် သားတို့ရဲ့ဘဝကို ဒီအရွယ်ထိရောက်အောင်ပြုစုစောင့်ရှောက်ကျွေးမွေးခဲ့ပြီး....အမေကတော့ စားစရာရှိရင်လဲ သားအတွက် သ္မီးအတွက်ဆိုပြီး ဖြစ်သလိုလေးနဲ့စားပြီးနေတက်သော အမေ..သားသမီးတွေကို သူများတန်းတူ စားနိုင်ဝတ်နိုင်ရန် ပင်ပန်ကြီးစွာရှာဖွေကျွေးမွေခဲ့သောအမေ...သားသ္မီးတွေအားလုံးအတွက် ပင်ပန်းကြီးစွာလုပ်ခဲ့ရသော အမေ..ကျနော် အမေတို့နဲ့ဝေကွာနေချိန်မှာ အမေမှာဘယ်လောက်စိတ်ဆင်းရဲစရာတွေနဲ့ပဲကြုံကြုံ သားလေးသိရင် စိတ်ဆင်းရဲမှာဆိုးလို့ဆိုပြီး သားရဲ့ဒီမှာရှိနေကြတဲ့ သူငယ်ချင်းတွေကိုမရမက လိုက်ပိတ်ထားတက်တဲ့ အမေ........အော်....အမေရယ်..............သားလေအမေရဲ့ကျေးဇူးတရားတွေကို အမေနဲ့ဝေးမှပဲသိရတော့တယ် အမေရယ်...အမေတန်ဖိုးကိုကျနော် အမေနဲ့အတူရှိနေစဉ်က ကောင်းကောင်းနားမလည်ခဲ့တာကိုခွင့်လွတ်ပေးပါအမေ........သားလဲအမေဆီကို အရမ်းပြန်လာချင်ပါပြီအမေရယ်...ပညာသင်ချိန်တွေ ကုန်ဆုံးလို စာမေးပွဲတွေပြီးတဲ့အချိန်မှာ  အမေဖြစ်ဖြစ်စေချင်တဲ့နိင်းငံကျော် ပညာတတ် တရားဟော ဓမ္မကထိကကြီး လောက် မဖြစ်ပေမယ့် သားတတ်သိသလောက် အမေရွာလေးနဲ့ အမေရဲ့ ကျေးဇူးတရားတွေကို  သားအမြန်ပြန်လာပြီး ပြုစုလုပ်ကျွေးပါရစေ အမေ........

Friday 25 November 2011

သေမည့ှ်ုခန္ဓာကိုယ်မှ မသေသည့်ကုသိုလ်အမွေ

အိုးဘယ်လူသား သင်သေသွားသော်
သင်ဖွားရာမြေ သင့်ဌာနေ၀ယ်
စေတီကန်ကျောင်း ကျန်သင့်ကောင်း၏
တန်ဆောင်းလှိုင်ဂူ ထုံးဖြူဖြူလည်း
နောင်လူအများ ကုသိုလ်ပွားလျက်
နောက်သားနောက်မြေ ကုသိုလ်ပေးဖို့
ကြံတွေမျှော်လင့် ထားခဲ့သင်၏

သင်ကျင့်ပွားများ သင်တရားနှင့်
စကားစာပေ သင်အမွေလည်း
သင့်နေရပ်ဌာန် သင်နိုင်ငံဝယ်
နည်းမှန်လမ်းဖွင့် ကျန်ကောင်းသင်၏
ကံမြှင်တင်မြှောက် ကုသိုလ်ထောက်၍
တစ်ယောက်လူ့ဘောင် ထွန်းတောက်ပြေင်စင်“
ရှေ့ဆောင်လမ်းပြ ဖြစ်သင့်လှ၏
သို့မှနောင်ခါ သင့်သေပါလည်း
ရှည်ကြာအထူး ကျေးဇူးပျံသင်း
ဂုဏ်သတင်းကား အချင်းခပ်သိမ်း
မသေရာသတည်း။
ရွှေတောင်ဦးဆရာတော်

Wednesday 23 November 2011

စိတ်စွဲနှင့် စွဲမြဲမှု




ကြီးပွားချမ်းသာနေသူများကို မြင်တွေ့ရလျှင် ကံထူးသူများအဖြစ်မြင်တက်ကြ၏။ သူတို့များ ကံကောင်းလိုက် လေခြင်းဟု တဖွံ့ဖွံ့ချီးဝဲတတ်ကြ၏။ ဤအဆင့်သို့ရောက် အောင်မည်သို့ တက်လှမ်းခဲ့ရသည်ကိုမူမစဉ်းစားကြ၊ သူတို့လိုပင် ကြီးပွားချမ်းသာ အောင်ကြိုးစားမည်ဟု အားကျနိုးကြားသူကား သာ၍ပင်ရှားပေလိမ့်မည်။ မည်သူ မဆို တချက်တည်းဖြင့် ပွပေါက်မတိုးနိုင်ချေ။

ယနေ့သရက်ပင်စိုက်၍ ယနေ့ရေလောင်းလျှင် ယနေ့သရက်သီးစားရသည်မဟုတ်ပေ။ ပိုးရွခြပုန်းတို့သည် တရွေ့ရွေ့တည်ဆောက်အားထုပ်ခြင်းဖြင့် သူတို့အတွက် နေရာအိမ် ကို ဖန်တီးကြလေသည်။ ပျားပိတုန်းတို့ သည် ပွင့်ချပ်ပွင့်ဖတ်တို့ကို တဖြေးဖြေးစုပ်ယူ ခြင်းဖြင့် ပျားရည်ဥနေသော ပျားလဘို့တံကြီးကို ရရှိကြသည်။

မြတ်မှိုက်တို့ကို တမျှင်ချင်း စုဆောင်းခြင်းဖြင့် စာခေါင်းဝါငှက်ကလေးတို့သည် မိုးတွင်း၌ နေရန် လုံးခြုံသော စာပေါင်းသိုက်ကို တည်ဆောက်နိုင်ကြလေသည်။ ဆိုလိုသည်မှာ အသေးအဖွဲ့လေးများကို တဖြေးဖြေးစုစည်း ခြင်းဖြင့် ကြီးကျယ်ခမ်းနားခြင်း၊ ခိုင်ခန့်ခြင်း တို့ဖြစ်ပေါ်လာရသည်ဟူလို၏။

ထိုအသေးအဖွဲ့လေးများကို စုစည်းတက်ရန်မှာ စွဲမြဲသောအလေ့အထမှ ရရှိနိုင်ပေ သည်။ မြန်မာရာဇ၀င်တွင် ဆရာတော် ဦးကျည်ပွေ့အကြောင်းပြောစမှတ် ပြုခဲ့ကြ၏။ ဆရာတော်သည် အသက် (၆၀)ကျော်မှ ပိဋကတ် စာပေကို လေ့လာကျက်မှတ်၏။ သို့ရာတွင် ဆရာတော်၌ စည်းစနစ်ကျမှုရှိ၏။ စွဲမြဲသောအလေ့အထရှိ၏။ တနေ့ လျှင်တန်ပူ (ဘုန်းကြီးများ သွားကြားထိုးရာ၌ အသုံးပြု၍ လက်(၈)သစ်ခန့်ရှိသည်) တထောက်ကျသာလျှင် ကျက်မှတ်၏။ ထိုအောက်လည်း မယုတ်၊ ထိုထက်လည်း မပိုလွန်ချေ။ ဤတန်ပူတထောက်စာကိုလျှင် နေ့စဉ် အကြိမ်ကြိမ် အထပ်ထပ် စွဲမြဲ လေ့လာကျက်မှတ်လေ၏။ များမကြာမှီ စာတက်အကျော် ဆရာတော် ဖြစ်၍ လာတော့သည်။

စာရေးသူသည် (ဥာဏ်အားကိုးဖြင့်) အလွန်ပျင်းထူ၏။ အစိုးရပထမကြီးတန် စာမေးပွဲ သို့ဝင်ရန်ရှိသောအခါ ဂါထာအပုဒ်ပေါင်း ၁၂၀၃-ပုဒ်တိတိ ပါရှိသော အဘိဓာန်ကြီးကို ကြည့်၍ စိတ်ပျက်အားငယ်ခြင်းဖြစ်မိ၏။ ၀ီရိယ စွမ်းအားထက်သူများအဖို့ ဤမျှသည် ထိတ်လန့်ဘွယ်မဟုတ်။ စာရေးသူအဖို့မူ တုန်လှုပ်ချောက်ချားနေတော့ သည်။

သို့ရာတွင် စာရေးသူသည် အဖြေကို အမြဲတမ်းရှာလျက်ရှိ၏။ ဥပမာခပ်ရိုင်းရိုင်းပေးရ သော် သူများမွေးလို့မှ ကိုယ်မမွေးလျှင် အမြုံသာဖြစ်ချိမ့်မည်ဟု စိတ်ကိုအားတင်းလိုက်၏။ အဖြေကားတွေ့ရပေပြီ၊ တနေ့လျှင် ဂါထာ ၅-ပုဒ်ကျအချိန်မှန်မှန် ကျက်ရန်တည်း။ ဆွမ်းခံသွားရင်း အရကျက်ရန်ကိုလည်း သတ်မှတ်လိုက်၏။ ဆွမ်းခံအပြန် ၌စာချဘုန်း ကြီးအထံ ပြန်၍ပြ၏။

၎-လမျှကြာသော် ဂါထာပုဒ်ပေါင်း ၆၀၀ မျှအာဂုံနှုတ်တက်ရမိလေသည်။ နောက်ထပ် လေးလမျှ ဤသို့မှန်မှန် လေ့ကျက်သွားပါလျှင် အဘိဓာန်တအုပ်လုံး အလွတ်ရပေမည်။ တနေ့လျှင် ဂါထာလေး ၅-ပုဒ်မျှသာ ကျက်ရ ပါသဖြင့် အပျင်းထူနေစရာလည်းမလို၊ ခက်ခဲပင်ပန်းမှုလည်း မရှိတော့သဖြင့် စာရေးသူအဖို့အတော်ပင်ပြေ လည်သွားခဲ့လေသည်။ ဤသည်မှာ စွဲမြဲသော အလေ့အထမှ ရလိုက်သော အကျိုးအမြတ်ဖြစ်ပေသည်။

မြန်မာစကားပုံတွင် “လက်ဖက်ကောင်းစားလို ပလောင်လို နှေးစေရမည်” ဟု၎င်း၊ “ကြာရှည်ဝါးမည့်သွား အရိုးကြည့်ရှောင်” ဟု၎င်း အဆိုရှိလေသည်။ အလုပ်ကြီးအလုပ် ကိုင်များကို လုပ်ရာ၌ ဟောဟောဒိုင်းဒိုင်း အရင်စလိုပြုမှုခြင်းဖြင့် ခရီးမရောက်နိုင်ချေ။ ပျက်စီးဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ကြရပေလိမ့်မည်။

အရာရာတွင် ချင့်ချိန်တွက်ဆနိုင်ခြင်း၊ အေးဆေးသပ်ရပ်စွာ ပြုလုပ်တက်ခြင်းနှင့် အချိန် မှန်ခြင်းသည်သာကိစ္စ ပြီးမြောက်နိုင်၍ ခရီးရောက်နိုင်ပေသည်။ လူတို့သည် အသေးအဖွဲ့ကိစ္စလေးများကို ပြုလုပ်ရလျှင် သေးသိမ် သည်ထင်တတ်ကြ၏။

တံစက်မြိတ်မှ တစက်ချင်းတစက်ချင်း ကျရောက်သည့် ရေပေါက်တို့သည် ခံအိုးကြီးပင် ပြည့်စေနိုင်၏ဟူသော သဘာဝကိုမေ့နေတတ်ကြလေသည်။ အိမ်ပေါ်သို့ရောက်ရန် အောက်ဆုံးလေကားထစ်မှ စတင်တက်ရောက်ရ လေသည်။

ကျေးရွာများ၌ ကောက်သင်းကောက်သူလေးများသည် ရိုးပြတ်တို့အကြား၌ တနှံချင်း လိုက်၍ ကောက်သင်း ကောက်ချင်းဖြင့် စပါးတွေတင်းအပြည့်၎င်း၊ ကြက်ကဲ့သို့ မြေကြီး၌ ယက်၍ တတောင့်ချင်း ကောက်သဖြင့်မြေပဲ သီးတောင့်တွေ တောင်းအပြည့်၎င်း ရရှိကြ လေသည်။

စာရေးသူ၏ ဖခင်ကြီးသည် လူပျိုပေါက်အရွယ်၌ မျက်စိတဖတ်တွင် မရိုးစေးမတော် တဆအ၀င်ခံရလေသည်။ သာမန်အသေးအဖွဲ့လေးမျှ အထင်ရောက်၍ တက်ကျွမ်းနား လည်သူများထံ မပြမိပေ။ လေးငါးရက်ကြာသော် မျက်စိတွင် တိမ်ခိုးသန်း၍ စက္ခုပသာဒ ချို့ယွင်းခဲ့သည်မှာ အသေးအဖွဲ့ကိစ္စဖြစ်၍ မမှုလောက်ဟု အထင် ရောက်ခဲ့မှုကြောင့်ဖြစ် လေသည်။ အသေးအမွှားဟု မလေးမစားပြုလျှင် မှားတတ်ကြောင်းသာဓကပင်ဖြစ်သည်။

“အမှိုက်ကစ ပြာဿာဒ်မီးလောင်” ဟူသကဲ့သို့ အသေးအဖွဲ့ပင်ဖြစ်စေကာမူ ပျက်စီးခြင်း အနန္တ ဆိုက်စေ၏။

အောင်မြင်ကျော်ကြား၍ ကြီးပွားချမ်းသာခြင်းအတွက် အထွတ်အထိပ်သို့လည်း ပို့ဆောင်ကြောင်း သတိမူရာ၏။

(မှတ်ချက်။ ။ မရိုးစေးသည် အပူဖြစ်၍ မျက်စိတွင်မတော်တဆ၀င်မိလျှင် အလွန်ပူစပ် သောဝေဒနာကို ခံစား ရသည်။ နို့ရည်ကိုညှစ်၍ ခပ်ပေးခြင်းဖြင့် အမြန်ဆုံးပျောက်ကင်း သက်သာစေသည်ဟု သိရပါသည်။)

စာရေးသူ စာသင်တိုက်မှာ နေစဉ်ကဖြစ်ပါသည်။ ကျောင်းတိုက် အ၀င်လမ်းဘေးတဖက် တချက်၌ နွယ်သာကီ ပင်များကို ကျေးဇူးရှင်ဆရာတော်က (အသျှင်ဇနကာဘိဝံသ အဂ္ဂမဟာပဏ္ဍိတဖြစ်ပါသည်) စီတန်း၍စိုက်စေ၏။ စာရေးသူက ကြည့်ရှု့စီမံ၍ခိုင်းရ၏။

အပင်ငယ်တပင်မှာ အမြစ်တွင် တူးရွင်းနှင့်ထိုးမိ၍ ရှင်သန်ဖို့မျှော်လင့်ဘွယ်မရှိချေ။ သို့သော်တွင်းကလည်း တပင်စာကျန်နေ၍ ရှင်သော်ရှင်ငြား မလိုလဲလိုအနေဖြင့် စာရေး သူကအစိုက်ခိုင်းလိုက်၏။ နောက်တနေ့တွင် ဆရာတော်သည် လာ၍ကြည့်၏။ ညှိုးလျော်နေသော ထိုသစ်ပင်ကိုတွေ့ရလေရာ စာရေးသူအားခေါ်၍ သတိ ပေးစကား မိန့်ကြားလိုက်၏။

“မျှော်လင့်ချက်မရှိတဲ့အလုပ်ကို မလုပ်ရဘူးကွယ့်၊ သူများအထင်အမြင်သေး ခံရတက်တယ်”

စာရေးသူ၏နားထဲတွင် အရိုးခိုက်အောင်စွဲ၍ သွားလေသည်။ ဆရာတော်သည် သေးဖွဲ့ သောကိစ္စကိုပင် ဂရု တစိုက် ရှုမြင်တက်ပေသည်တကား။ ထို့ကြောင့်ပင် နိုင်ငံ၌ထင်ပေါ် ကျော်ကြားသောဆရာတော်တပါးဖြစ်၍ နေသည်မှာ မဆန်းတော့ချေ။

“အစကောင်းမှ အနှောင်းသေချာ” နိုင်ကြောင်းကိုလည်း သဘောပေါက်မိလာတော့ သည်။ ထိုစဉ်မှစ၍ မည်သည့်အလုပ်မျှ ပေါ့ပေါ့တန်တန် သဘောမထားနိုင်တော့ပေ။ အလေးအနက်ထား၍ ရှင်းလင်ပြတ်သား အောင် လုပ်တက်သည့် အလေ့အထမှာ စွဲမြဲ လာခဲ့ရပေသည်။

ရာဇ၀င်၌ စည်သူကျော်ထင်သည် နရပတိဟူသောအမည်ဖြင့် အင်ဝနန်းကို ၉၁၃-ခုနှစ်တွင်နန်းတက်လေ သည်။ ဤမင်းသည် သူတော်ကောင်းတရားနှင့် ပြည့်စုံသည်။ သစ္စာ စောင့်သိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ မျှော်မြင် ဥာဏ်သွားခြင်းတို့၌ ကျော်ကြားသည်။ ထိုထက်ထူးခြားသည်ကား “ဥဒေတယံ” ဂါထာကို နံနက်တထောင်၊ “အပေတယံ” ဂါထာကို ညဥ့်တထောင်ရွတ်ဖတ် သရဇ္ဈာယ်လေ့ရှိခြင်းပေတည်း။

သာမန်ဇွဲ သာမန်စွဲမြဲသောအလေ့အထတို့ဖြင့် ဤမျှ ရွတ်နိုင်မည်မဟုတ်ချေ။ တကယ့်ဇွဲ တကယ့်စွဲမြဲသော အလေ့အထတို့ကြောင့်သာ ဤမျှ ရွတ်ဆိုနိုင်ခြင်းပေတည်း။ စာရေး သူအနေဖြင့် မချီးကျူးပဲ မနေနိုင်ပါချေ။
နံနက်တထောင် ညဥ့်တထောင်မဆိုထားဘိ တခေါက်ကိုမျှ နေ့စဉ်မှန်မှန်ရွတ်နိုင်သူ မည်မျှရှိမည် ထင်ပါ သနည်း။ နေ့စဉ်ဘုရားဝတ်ပြုခြင်း၊ နေ့စဉ်ရတနာသုံးပါး မိဘဆရာ တို့ကို ဦးချ၍ အိပ်ခြင်းကိုပင် မှန်မှန်ပြုလုပ် သူ နည်လှပေလိမ့်မည်။ လူတို့သည် “ခလုတ်ထိမှ အမိတ” တတ်ကြလေ၏။

ရောဂါတစုံတရာ စွဲကပ်လာလျှင် စုန်းကိုးကွယ် နတ်ကိုးကွယ်တတ်ကြလေသည်။ ကောင်းမြတ်သော အလေ့ အထတို့ကိုမှု အစဉ်တစိုက် မပြုလုပ်ကြချေ။ စာရေးသူသည် စာရေးရန် အလွန်ဝါသနာပါ၏။ ဒိုင်ယာရီစာအုပ် ကိုဝယ်ယူ၍ နေ့စဉ်မှတ်တမ်းရေးခြင်းဖြင့်စာရေးလေ့ကျင့်ခဲ့၏။

“စွဲမြဲသောအလေ့အထ” အကြောင်း (ယခုဆောင်းပါး)ရေးခဲ့စဉ်က ပထမဆုံးရေးသား လေ့ကျင့်ခံသည် ဒိုင်ယာရီ စာအုပ်လေးကို လှန်လှောကြည့်မိ၏။ သုံးပုံ့တပုံခန့်သာ ရေး မှတ်ထားသည်ကိုတွေ့ရသည်။ နှစ်ပုံခန့်မှာ အကြောင်း အမျိုးအမျိုးကြောင့် မရေးမှတ် နိုင်ပဲ ကွက်လပ်ကျန်နေသည်ကို တွေ့ရှိရပေ၏။

ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် လူတွင်ကျယ်လုပ်ချင်ကြ၏။ အောင်မြင်မှုဂုဏ်ပုဒ်ဟူသမျှ သည် ကျန်ုပ်တို့အား ကြိုလင့်နေစေချင်၏။ ကျန်ုပ်တို့သည် ဧရာမအဓိပတိပုဂ္ဂိုလ်ကြီး များ ဖြစ်လိုကြ၏။ ဤကဲ့သိုဖြစ်ရန် ဘာတွေ ကိုစွဲစွဲမြဲမြဲ ပြုလုပ်ကြိုးပမ်းနေကြပါသနည်း။ နေ့စဉ်မှတ်တမ်းလေးကိုမျှ မှန်မှန်မရေးသားနိုင်ပါတကား။

သို့ဆိုလျှင် “လူတိုင်း လူတွင်ကျယ် လုပ်ချင်၏၊ ခိုင်ကျည်တည့်မတ်သောစိတ်မရှိ၊ လူတိုင်းထင်ပေါ်ချင်၏၊- ဇွဲမရှိ၊ လူတိုင်းထင်ပေါ်ချင်၏- စွဲမြဲမှုမရှိ” ဟုဆိုရန်မှတပါး အခြားအကြောင်းမရှိတော့ပေ။

စစ်ကိုင်းမင်းရှိန်
ဓမ္မဗျူဟာမဂ္ဂဇင်း
(အတွဲ-၈၊ အမှတ်-၂)


Sunday 13 November 2011

သြ၀ါဒစကားများ

သွားတွေကျိုးနေပြီ "မာန်စွယ်" တွေမကျိုးသေးဘူးလား?
အရေတွေတွန့်နေပြီ "အကုသိုလ်" အလုပ်တွေမတွန့်သေးဘူးလား?
အသားတွေလျှော့နေပြီ "တဏှာဆန္ဒ" တွေမလျှော့သေးဘူးလား?
ဆံပင်တွေဖြူနေပြီ "စိတ်ထား" တွေမဖြူသေးဘူးလား?  
မျက်စိတွေမှုန်နေပြီ "နိဗ္ဗာန်" သွားမယ့်လမ်းမှုန်တုန်းပဲလား?(မြေဇင်းဆရာတော်)
အိုရာက နာရာမရောက်ခင် ၀ိပဿနာ လုပ်ပါ။ 
အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။ သညာသိနဲ့ "နိဗ္ဗာန်" မရောက်နိုင်ပါ။ ပညာသိမှ "နိဗ္ဗာန်" ရောက်မည်။ (မိုးကုတ်ဆရာတော်)  

Friday 11 November 2011

လမ်းဘေးက ထင်းချောင်းလေး

ပညာရှိတိုမည်သည်မှာ  ဘယ်အရာမဆို ပညာမျက်လုံးနဲ့ ကြည့်တတ်ကြတယ်  စဉ်းစားချင့်ချိန် သုခမိန်ဆိုတာမျိုး     ဘယ်အကြောင့်ဆိုသလဲ  ပညာရှိတို့မည်သည် လမ်းဘေးက ကောက်ကွေးနေတဲ့ ထင်းချောင်းလေးတောင် အသုံးချတတ်ကြတယ် သူစိတ်ထဲမှာ  ဘယ်လိုတွေလဲ ဘယ်လို စဉ်းစားလဲ  ဒီထင်းချောင်းလေးဟာ ငါအတွက်အဖိုးတန်တဲ့ ပစ္စ္စ္စ္စည်းလိုမြင်သွားတတ်တယ်  ဘာလုပ်မှာလဲ ဒီကောက်ကွေ့နေတဲ့ ထင်းချောင်းလေးက ပညာရှိတဲ့ လက်ထဲမှာရောက်ရင်  ကောက်ကွေ့သောထင်ချောင်းလေးဟာ  လှပသော အရုပ်လေးဖန်တည်းမယ်  ချစ်စရာကောင်းသော  ပန်းကလေးများ   ဖန်တည်းတတ်ကြတယ်  လောကလူသားတွေရဲ့ အသုံးအဆောင်ဖြစ်သွားတတ်ကြတယ် ပညာတွေမှာ ဒီလိုမြင်တတ်ကြပါတယ်းးးပညာမရှိတဲ့သူတွေမှာတော့  လမ်းဘေးက  ကောက်ကွေ့နေသော ထင်းချောင်း  ဘာလုပ်မှာလဲ  တွေ့ရင်ဓားနဲ့ခုတ်မယ်  ရိုက်ချိုးမယ် ထင်းလုပ်မယ် မီးဆိုက်ပြစ်မယ်   ဒီလောက်ပဲသူတို့စိတ်ထဲမှာ ရှိနေတတ်ကြပါတယ်.........ဒီတော့ ငါ့တို့တတွေဟာလဲ  ဘယ်လက်မှာရောက်နေသလဲ  ဘယ်လက်ထဲမှာ ရောက်အောင်နေကြမလဲ ဆိုတာကို ပေါ့ ..ကျွန်ုပ်ငယ်ငယ်က ဆရာသမားဆုံးမဖူးတာလေးပေါ့  မင်းတို့က လမ်းဘေးက ထင်းချောင်းလေးတွေပါတဲ့ ငါကောက်ပြီးတော့ အရုပ်လှလှလေးဖြစ်အောင်လုပ်ပေးထားတာပါ   လောကလူထဲမှာ ပြောတတ်ဆိုတတ် နေတတ် ထိုင်တတ် သွားတတ် လာတတ် အောင်   ငါထုပေးထားတဲ့ အရုပ်ကလေး တရုပ်ဖြစ်တယ် ဆိုတဲ့ဆရာသမားရဲ့စကားနားဝမှာ ခုထိကြားနေရောင်ဆဲပဲလေ  ဟုတ်တယ် ဆရာသမားကောင်းပညာရှိများဟာ လှပသောပန်းပုရုပ်ကလေးကိုပဲမြင်ချင်ကြတာ ဓမ္မတာပဲ မဟုတ်လား    လောကီမှာ သင်ပေးတဲ့ ဆရာပညာရှိ လောကုတ္တရာမှာသင်ပေးတဲ့ဆရာပညာရှိ တိုင်းဟာ တပည့်များကို   ပန်းကောင်းလေးတွေဖြစ်ဖို့   ပြောဆို သွန်သင်ဆုံးမ  တဲ့စကားလေး တွေ မမေ့သင့်ပေ.....လောကမှာ ကောင်းတဲ့ပညာရှိဆရာတွေရှိသလိုးးးမကောင်းတဲ့ ဆရာတွေလဲ အများကြီးပဲးးးးးးးးးးးးးမကောင်းတဲ့ ဆရာတွေလက်ထဲရောက်သွားရင်  ပန်းတော့ဖြစ်မယ် ပန်းကောင်းမဖြစ်နိုင်ဘူး အရုပ်တော့ဖြစ်မယ် အရုပ်လှလှလေးမဖြစ်နိုင်ဘူးးးးးးးးးးးးးးးး
ဒီတော့  ငါတို့ဟာ လမ်းဘေးကထင်းချောင်လေးဆိုတာ မမေ့သင့်ပေ   ဆရာပညာရှိတွေ့နဲ့တွေ့လို  လူလောကထဲမှာ တင့်တင့်တယ်တယ်နေရ ထိုင်ရ  ..........သွားတတ်  လာတတ်တယ် စားတတ်တယ်  ပြောဆိုတတ်တယ် ဆိုတာ ဟာ  ပန်းပုဆရာကောင်းတွေရဲ့ကျေးဇူးကိုအထူးနားလည်တတ်ကြပြီ မဟုတ်လား။။။။။။။။။

သားသမီးမကောင်း မိဘခေါင်း

သားသမီးမကောင်း  မိဘခေါင်းလို  ဆိုးရိုးစကားရှိကြတယ် ငယ်ငယ်ကတည်းက ကြားဖူးခဲ့တယ် တကယ်တော့ သားသမီးတိုင်းဟာ  အဆိုးကြီးလည်းမဟုတ် အကောင်းကြီးလဲ မဟုတ်သလို  အဆိုးနဲ့အကောင်း ဒွန်တွဲနေတတ်ကြတယ် ..သားမသမီးမကောင်းခြင်းဟာ  မိဘနဲ့လဲ သက်ဆိုင်သလို  သားသမီးများကလဲ နဂိုဗီဇပြင်မရဆိုသလို    မွေးကတည်းက ဆိုးကံက ပါလာတဲ့သူများဟာ မိဘတွေ ဆုံးမသော်လဲ  နားမထောင်တတ်ကြဘူး မိုက်မြဲမိုက်နေတတ်ကြတယ် တချို့ဆို မိဘတွေက ကောင်းပါတယ် သားသမီးတွေက ပါတ်ဝန်းကျင် အပေါင်းအသင်းတွေကြောင့် ပျက်ဆီးတာမျိုးရှိသလို  နဂိုဗီဇဖျောက်မရဆိုတာလဲ  သူစိတ်ထဲမှာ  မကောင်းမူတွေပဲလုပ်မြဲလုပ်နေတတ်ကြတယ် ဒီတော့ မိဘခေါင်းရောက်တာပေါ့ ပါတ်ဝန်းကျင်က ဘယ်သူသားလေး ဘယ်သူသမီးလေးဆိုပြီး  ပြောဆိုတတ်ကြတယ်လေ ..မိဘတွေက သွန်သင်ဆုံးမမူညံလိုလား သားသမီးတွေက နားမထောင်လိုလား မဘနဲ့သားသမီးရဲ့ကံကြမ္မာကြောင့်လား ဆိုတာကို ဝေခွဲရင်တော့ မိဘတွေက ဆိုဆုံးမမူညံလိုပဲလို ဒီလိုပဲ လောက အသိုင်းအ၀ိုင်းကအဖြေထွက်လာကြလိမ့်မယ် မဟုတ်လား  သားသမီးမကောင်းပုံလေးက ဒီလိုပါ..မြတ်စွာဘုရားလက်ထက်မှာ  လောတိဿဆိုတာ ရှိခဲ့ဘူးတယ် အဲဒီမထေရ်မြတ်ဟာ အင်မတန် အကုသိုလ်ဂျိုဆိုးခဲ့တယ်  ဘယ်လောက်ထိဆိုးခဲ့သလဲဆိုရင်  သူတို့နေတဲ့ ရွာကလေးက တံငါရွာလေးမှာပေါ့   ရွာသူရွာသားအားလုံး တံငါအလုပ်ပဲလုပ်ကြတယ် တနေ့မှာတော့ မထေရ်လေးရဲ့ မိဘကိုဝန်ရလာတဲ့နေ့စပြီး ရွားသားအာလုံးသည် ငါးမရတော့ဘူးဖြစ်ကုန်တယ်  ခေါင်းဆောင်လူများက ဒီရွာမှာတော့ အကုသိုလ်တကောင်ရှိပြီလို သတ်မှတ်ကြတယ်  တရွာလုံးလိုက်ရှာကြတယ်  မတွေ့ကြဘူး နောက်ဆုံးမှာ မဲစနစ်နဲ့ ရှာကြတယ်...သူ့မိဘတွေပဲမဲပေါက်တော့ ရွာပြင်ထုပ်ခံကြရတယ်လေ...ကလေးဟာ လူလောကထဲတောင်မရောက်သေးဘူး  ပဋိသန္ဓေနေပြီဆိုတာနဲ့ ရှေးအတိတ်ကံတွေကြောင့် မိဘများရွာပြင်ထုတ်ခံရတယ် ..ကလေးမွေးလာပြီဆိုတာနဲ့ မိဘတွေမှာ လုပ်ကိုင်စားစရာမရှိ လို တောင်စားရတဲ့အဖြစ်မျိုးကို ရောက်ကြရတယ်လေ ..တောင်စားတာတောင်မှာ ကလေးချီတဲ့အမေမှာ တောင်းလိုမရဖြစ်ရတယ်  ဘယ်လောက် အကုသိုလ်ကံဆိုးသလဲဆိုတာ ကို  စဉ်စာသာကြည့်ပေါ့..နောက်ဆုံးမိဘတွေမှာ သားသမီးကို ချစ်လဲချစ်တယ် ဒါပေမဲ့ ကလေးရှိနေရင် ငါတို့ အစာရေစာငတ်ပြီး သေကြရုံပဲရှိတော့တာဆိုပြီး မိဘနှစ်ပါးတိုင်ပင်ပြီး သူ့ထိုက်နဲ့သူကံပဲဆိုပြီ ခလေးကို စွန့်ပြစ်ကြတယ်လေ ..ကြည့်စမ်း သားသမီးမကောင်းရင် မိဘတွေ ဘယ်လောက် ဆင်းရဲရတယ်ဆိုတာကို  တွေးသာကြည့်ပါ  ...စွန့်ပြစ်ထားတဲ့ ကလေးကို အရှင်သာရိပုတ္တရာမထေရ်မြတ်နဲ့တွေ့တော့ သနားလို ကျောင်းမှာခေါ်ပြီး သင်္ကန်းဝတ်ပေးလိုက်တယ်  ..သင်္ကန်းဝတ်ပြီး ဆွမ်းခံတော့လဲ  ဆွမ်းမရ   အရှင်သာရိပုတ္တရာမထေရ်မြတ်နဲ့အတူတူကြွပြန်တော့လဲ ဆွမ်းမရ  ကြာလာတော့ မင်းမလိုက်ခဲ့တော့နဲ့ ဆိုပြီး အရှင်သာရိပုတ္တရာမထေရ်တပါးပဲ ဆွမ်းခံကြွခဲ့တယ် .. ဒါတောင် မထေရ်မြတ်လက်နဲ့ကြွေးမှ စားလိုရတယ် ..သူလက်နဲ့ယူစားရင် သပိတ်ထဲရှိတဲ့ ဆွမ်းတွေတောင်အလိုလိုပျောက်သွားတယ်...အကုသိုလ်ဆိုးရွားလိုက်တာ ..နောက်ဆုံးမှာ ပရိနိဗ္ဗာန်စံတဲ့အထိ ဆွမ်းဝအောင်မဘုန်းပေးလိုက်ရဘူး.....ဘာကိုဆိုလိုတာလဲ  သားသမီးများမကောင်းရင် .ဆိုဆုံးမကောင်းတဲ့မိဘတွေတောင်  သားသမီးက ကံဆိုးပါလာရင် ပြင်လိုမရဘူး...ပြင်လိုမရလိုလဲ  သတင်းကျော်ငြာစာတွေမှာ အမွေပြတ်ဆိုးပြီး လုပ်ကြတာဟာ သားသမီးမကောင်းရင် မိဘတွေခေါင်းဖြစ်တတ်လိုပါ..မိဘတွေကလဲ ဆုတောင်တတ်ကြတယ်လေ သားသမီးကောင်းနဲ့ တွေ့ရပါလို၏လို ဘုရာမှာ ဆုတောင်တာတွေ ကြားခဲ့ရဘူးတယ် အော် ဒီလိုအဖြစ်မျိုးရှိုလို ပဲလို အောင်မေ့မိတယ်...ဘယ်သားသမီးပဲဖြစ်ဖြစ် မိဘက ဆုံးမသလို သားသမီးတွေကလဲ  မိဘရဲ့အရိပ်အောက်မှာခိုလုံြး့ပီး လိမ်မာယဉ်ကျေးကြမယ်ဆိုရင်  မင်္ဂလာတပါးအပါဝင်ဖြစ်ပါတယ်..မိဘတွေကောင်းသလို ဆုံးမသလို  လိုက်နာကြမယ် နားထေင်ကြမယ်ဆိုရင် သားသမီးကောင်းလေးတွေ မိဘတွေရဲ့ အိပ်မက်ထဲက ပန်းကောင်းလေးတွေဖြစ်ကြမှာပါ ...သားသမီးမကောင်းရင် မိဘတွေမှာ စိတ်ဆင်းရမယ် သောကရောက်ရမယ်...မိဘတွေမျက်ရည်ကျအောင်လုပ်တဲ့သားသမီးတိုင်းဟာ ကိုအလှည့်ကိုပြန်ပြီးခံစားတတ်ကြတယ် တုန့်ပြန်မူဆိုတာ ရှိတတ်ကြတယ်ဆိုတာ မမေ့သင်ပေ..ဒါကြောင့်မြတ်စွားဘုရားက ..အရိပ် ၅ပါးကို ဟောထားခဲ့တယ်.  ၁။သစ်ပင်အရိပ်
 ၊၂။မိဘအရိပ်-၃။ဆရာအရိပ်-၄။မင်းအရိပ်။၅-ဘုရားအရိပ်...အရိပ်၅ပါးထဲမှာ မိဘအရိပ့်ခိုလုံပြီး  မိဘစကားနားထောင်ကြတယ်သူတွေဟာ လိမ်မာတယ် ...ယဉ်ကျေးတယ် သိမ့်မွေ့ကြတယ်.သားသမီးကောင်းတော့မိဘခေါင်းဆိုတာမျိုးဖြစ်ကြမှာသေချာပါတယ်........

Saturday 5 November 2011

မဆုံဆည်းတဲ့အိမ်


အမေ
အဝေးရောက်နေတဲ.သားအဖို.
အမေ.အတွက်ဘာဆိုဘာလေးမှ
လုပ်မပေးနိုင်ပါလား........
အမေ
ပျော်ရာမှာမနေ
တော်ရာမှာနေရတဲ.သားဘ၀ပါ
အမေပုခုံးထမ်းနဲ.နေပူမိုးရွာမရှောင်
ဈေးရောင်းပြီပညာရေးကိုဦးစားပေးစေတဲ.အမေ.ရဲ.မေတ္တာတွေကြောင်.
မြို.ကြီးမှာနေအများတန်းတူလုပ်နိုင်ခဲ.ပြီအမေ..။။
အမေကတော.အရင်တိုင်းမပြောင်းလဲပါလား...
အခြားအမေတွေလိုလူမချမ်းသာပေမယ်...
သားသမီးတွေကိုစိတ်ချမ်းသာစေတဲ.အမေ
သားမျက်နှာမညိုးအောင်ထားနိုင်တဲ.အမေ..
မနက်မိုးလင်းနှုတ်ကတီးတိုးပဲရေရွတ်နိုင်တဲ.အမေဆိုတဲ.သားခေါ်သံ
အဝေးတနေရာမှအမေကြားနိုင်ပါမလား...
အမေ.အတွက်ဆိုပျော်စရာတွေမပေးနိုင်ခဲ.တဲ.သား
ခလုတ်ထိမှအမိတတဲ.သားမိုက်လို.ခေါ်လိုက်ပါလားအမေ..
မပြိုကွဲပေမယ်.
မဆုံဆည်းကြတဲ.မိသားစုဘ၀လေး
အမြန်ပြည်လည်ဆုံဆည်းပါစေလို.ဆုတောင်းမိတာကအကြိမ်ကြိမ်ပါ
စိတ်၏စေရာ..ဘ၀၏ခိုင်းရာတာဝန်တွေနဲ.
ရုန်းမထွက်နိုင်ခဲ.ဘူးအမေ.

ချစ်ခြင်းဆိုတာထာဝရလား.......????


လွမ်းတယ်မေမေ

မေမေ
မိုးရွာလို့ မိုးမလုံတဲ့မေမေ့အိမ်လေးကိုလဲလွမ်းတယ်
နေမကောင်းဖြစ်တိုင်းသားတို့ရဲ့ နှဖူးလေးကိုစမ်းတဲ့မေမေ့လက်ဝါးလေးကိုလဲလွမ်းတယ်၊၊
အမှားတစ်ခုခုလုပ်မိတိုင်းတံခါးရွက်နောက်ကထောင်ထားတဲ့မေ
မေ့ လက်စွဲတော် ကြိမ်လုံးလေးကိုလဲလွမ်းတယ် ကျောင်းသွားရင်မေမေပေးတဲ့မုန့် ဖိုး (အကြွေစေ့ )
လေးတွေကိုလဲလွမ်းတယ်
မေမေ့ ရဲ့ ပဲပြုတ်နဲ့ထမင်းကြမ်းကိုလဲလွမ်းတယ်
အသံစာစာလေးနဲ့မနက်စောစော အော်တဲ့ ဟော ဒီ့ ကပဲပြုတ်ဆို တဲ့အသံလေးလဲလွမ်းတယ် …
လွမ်းတယ်မေမေ……..

Saturday 29 October 2011

အမှန်တရားဆိုတာ တရားအမှန်

၁။အလုပ်မှန်(အမှန်လုပ်)တာ အစစ်ဖြစ်ဖို့လိုတယ်။

၂။တကယ်ဟုတ်တာကို အဟုတ်လုပ်ခြင်းအားဖြင့်
မဟုတ်တာကို အဟုတ်မလုပ်ဖြစ်စေတော့ဖို့ပါပဲ။

၃။အလိုမြဲ အမြဲလို  အလိုကင်းအမြဲပို။

၎။အလိုကြီးဖို့ အရေးကြီးရမှာ မဟုတ်ပဲ
အလိုကင်းဖို့ အရေးကြီးရမယ်။

၅။ဘာဖြစ်ဖို့ ညာဖြစ်ဖို့ထက်
ဖြစ်သင့်တဲ့အတိုင်းဖြစ်ဖို့  အဓိကထားပါ။

၆။ဘာလုပ်ဖို့ညာလုပ်ဖို့ထက်  လုပ်သင့်တဲ့အတိုင်းလုပ် နိုင်ဖို့ အဓိကထားပါ။

Wednesday 12 October 2011

သုသုမာရဂီရီတောင်နှင့်မိဘမေတ္တာ

ဒီတောင်လေးပေါ်ရောက်တော့ ရင်ထဲမှာလွမ်းစရာလေး တခုဖြစ်လာတယ်..မြတ်စွာဘုရား (၈)၀ါမြောက်မှာ..ရှေးအတိတ်ဘ၀ပါင်းများစွာက  အမေတော်စပ်ခဲ့ဘူးတဲ့  နကုလပိတာ နကုလမာတာ မြတ်စွာဘုရားကိုတွေ့တွေ့ချင်း မြင်မြင်ချင်း သာရယ်တယ်တဲ့ ဘယ်ရှောက်သွာနေတာလဲတဲ့  ကြည့်စမ်း အမေအို အဖေအိုကြီးကို ပြစ်ထားရက်တယ်နော် အမေတို့ အဖေတို့မှာ အိုးမင်းရင်ရော် ဇရာတွေဖိစီးလို တောင်ဝှေးကိုင်းပြီးအားကိုးရာမဲ့ဖြစ်နေတယ် သားရယ် ခုတော့သားနဲ့ တွေ့ရတော့ အမေတို့မှာ သားကိုရှာရတဲ့နှစ်ပေါင်း ရက်ပေါင်းလပေါင်းတွေဟာ  အချိန်ကြာင်းညောင်းခဲ့ပေမဲ့ မနေ့တနေ့ကလိုပဲသားရယ် အမေရင်ထဲမှာလေ သားကိုတမ်းရလို အသဲတွေတောင်ကျွမ်းလောင်ခဲ့ရပြီသားရယ်ဆိုတဲ့ခက်တိုးတိုးငိုငြိးသံလေးကြားက ဇရာထောင်းနေတဲ့နကုလမာတာဟာ မြတ်စွာဘုရားရဲ့ ချေသလုံးသားလေးကိုကိုင်ပြီး နဖူးလေးနဲ့ထိခါ ဘ၀သံသရာများစွာက သားတည်းဟူသောချစ်ခြင်းမေတ္တာတွေဟာ မုန်ဝါးနေတဲ့မျက်လုံးလေးထဲက မျက်ရည်မိုးတွေရွာခဲ့ရပါတယ် ကျွန်ုပ် ဒီနေရာလေးကိုရောက်တော့ မြတ်စွာဘုရားနဲ့ နကုလပိတာ နကုလပိတာတို့ရဲ့ ရင်ကွဲဇာတ်လမ်းလေးကို တမ်းတလို့မဆုံး ရင်ထဲမှာ အမေ့မေတ္တာတွေယိုစီးကာ ရင်ဝယ်မှာမမျိုသိတ်နိုင်လို  အပြင်မှာထုတ်ခါ  စာဖတ်သူတိုင်း  တမ်းတအောင်းမေ့ နိုင်အောင် ဖော်ညွန်းခဲ့မိပါသည်။ မိဘကျေးဇူး လူတိုင်းနားလည်ပေမဲ့  တကယ်ကျေးဇူးဆပ်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး  .. မိဘရိပ်မှာ ခိုးနားခဲ့တာ အေးမြကြသလို  သားသမီးတိုင်က မိဘတွေကို ပြန်ပြီး လုံခြုံအောင် ပြန်မိုးမပေးနိုင်ခဲ့ကြပါဘူး ...လောကအလည်မှာ မိဘတွေက သားသမီးကို လက်ဝါးဖြန့်တောင်းနေရတဲ့ခေတ်ကြီးဖြစ်နေကြပါပြီ ..ရင်နာစရာဘယ်လောက်ကောင်းသလဲ  တွေ့တာကြည့်ကြပါ ..  အမေဆိုတာ ဥယျဉ်မူးကြီးပါ  ပန်းကလေးတွေ ဘေးအန္တရယ်တွေ မထိအောင် ကာကွယ်ကြလို ပန်းကောင်းကလေးတွေ ဝေစာခဲ့ကြပြီလေ  ပန်းကောင်းကလေးတွေဖြစ်သလို ပန်းပျိုးတဲ့ ဥယျဉ်မှူးကိုလဲ ပြန်ပေးဆပ်နိုင်ပါစေလို့   ကဗျာတပုဒ်နဲ့အဆုံးသတ်ပါရစေ ......
ဘယ်လိုပဲဖြစ်ဖြစ် အမေမျှော်လင့်တဲ့နေ့ရက်ဆီထိ
အားတင်းဖြတ်သန်းရင်း သားယုံကြည်တဲ့နေ့ရက်
အမေဖြစ်စေချင်ခဲ့တဲ့ အိပ်မက်ကို
အကောင်အထည်ဖော် ရုပ်လုံးတောင်တော်တော်ပေါ်ခဲ့ပါပြီအမေ။။။
နေ့စဉ်မပြတ် တမ်းတခြင်းနဲ့အတူ
အမေ့အတွက်ပြုတဲ့ ကုသိုလ်အဝဝ
အမေအမျှရမယ်လို့လည်း ယုံကြည်ပါတယ်၊
တရားနဲ့သာမွေ့လျော်၊ ဗုဒ္ဓရဲ့အဆုံးအမမှာပျော်တဲ့အမေ
ကောင်းမွန်မြင့်မြတ်တဲ့ဘဝမှာ ပျော်နေမယ်လို့လည်း
ယုံကြည်ပါတယ်အမေ။။။

Thursday 6 October 2011

စိတ်ကိုအဓိကထား

၁။စိတ်ဆိုတာ သုံးဖို့သက်သက်။
ပြီးပြည့်စုံနေတဲ့စိတ်ကိုက

၂။မပြည့်စုံတဲ့စိတ်။
မျော်လင့်ချက်ရှိနေရင်  စိတ်မလွတ်လပ်ဘူး။

၃။အမျိုးမျိုး သရုပ်ဖော်တတ်တဲ့ စွမ်းရည်သတ္တိနဲ့

၎။အမျိုးမျိုးသောသဘောကို ဆောင်တတ်တဲ့ စိတ်ရဲ့ဒဏ်ကိုခံနိုင်ရည်မှ
စိတ်ကိုသုံးရုံသက်သက် မှန်မှန်ကန်ကန်သုံးတတ်လာမယ်....

၅။ တကယ်သုံးတတ်ရင် စိတ်လောက်သုံးလိုကောင်းတာ  အသုံးဝင်တာမရှိ။

၆။အိတိထဲမှာ၊ ပိုက်ဆံရှိတာ၊ မရှိတာထက်   စိတ်ထဲမှာ.......
ပိုက်ဆံရှိမနေဖို့အဓိကထားပါ ။

၇။ကိုယ်ခန္ဓာထဲမှာ ရောဂါရှိတာ မရှိတာထက်၊  စိတ်ထဲမှာ...
ရောဂါရှိမနေဖို့အဓိကထားပါ။

ဂ။ ပျိုတာ ၊ မပျိုတာ
အိုတာ ၊မအိုတာ
နာတာ ၊ မနာတာ
သေတာ၊ မသေတာထက်....စိတ်ထဲမှာ....
ပျိုတာ၊ အိုတာ ၊နာတာ၊ သေတာ ရှိမနေဖို့ အဓိကထားပါ။

Saturday 1 October 2011

တင့်ထူးဝေဆာ။ ပန်းဗေဒါ သို့ 

ထွဋ္ဋ်တန်ဆောင်။ ပန်းပြဿာဒ်။
လှခေါင်မဉ္ဇူ။ စံတူ မနှိုင်း
လှိုင်းကြမ်း ပေါ်ရပ်။
မားမား မတ်စေ။
မုန်တိုင်း မကြောက်။
လောကဓံအောက်မှာ။
လှခြင်း ပြည့်စုံ၊
အလှ ဂုဏ်တင့်၊
ဗေဒါပွင့်။

နွံထဲ ပေါက်ပေါက်
ရေဆိုး သောက်လည်း
ရှင်းသန့် အဆင်း၊
တင့်တယ်ခြင်းစုံ။
ပန်းအာမုံပွင့်၊
နေခြည် တင့်ချိန်၊
မငုံတ၀င့်၊
ငုံတလင့်ဖြင့်
ရွန်းပလန်းဆန်း
ဗေဒါပန်း။

လှိုင်းကြွ ချင်ကြွ။
ဒီ ထချင် ထ။
မုန်တိုင်း ကျစေ။
ဘယ်တော့ မမြုပ်။
ခေါင်းမော့ ထားစေ။
ရေပေါ်၌ အမြဲတစေ။

တပင်ကို ဖျက်
နှစ်ပင် တက်
သားတက် ပွါးစေ။
လတာပြင်ကြော။
ဗေဒါတော။

သောင်နဲ့ ကမ်းစပ်။
မြစ်ကမ်း၊ ကန်ရေ။
ချောင်း၊ မြောင်း အနှံ့ ။
စင်္ကြာဖြန့် နေ။

ဘယ်ဘဲ နေနေ။
ဘယ်ဘဲ ရောက်ရောက်။
ဘယ်ဘဲ မြောမြော၊
နဒီကြောဝယ်။
အလှဝေဖြာ။ ငါးခိုလှုံရာ။
ဘုံရိပ် ဆာယာ။ ခရမ်းပြာ ၀င့်။
ပန်းဗေဒါ ပွင့်။
ရေ၌ တင့်သည်။
အံခဲ..ဇာနည်ဆွေ တကား။
သင် ဘဲ..မြန်မာပေ တကား။

“ဆက်မျောမှာလား ပန်းဗေဒါ

လောက ကောင်းကျိုး၊ လူသားတွေ ကောင်းကျိုး ဘာတစ်ခုမှ မယ်မယ်ရရ စွမ်းဆောင် မပေးခဲ့ပဲ ရေထဲမှာ မျောရင်း အချိန်ကုန်ခဲ့တယ်။ နောက်ဆုံးညှိုးနွမ်း ပျက်စီး သွားခဲ့တယ်။

ဒီတော့ တန်ဘိုးမဲ့ပန်းဖြစ်သွားတာပါပဲ။
လူသားတိုင်း...ပြန်ကြည့်လိုက်စမ်းပါ။
လောကကြီးမှာ အချိန်တွေကုန်၊ အခွင့်အရေးတွေဆုံး၊ လောကကောင်းကျိုး၊လူသားတွေ ကောင်းကျိုး ဘာတစ်ခုမှ မယ်မယ်ရရ မစွမ်းဆောင်နိုင်တဲ့ မဗေဒါတွေ အများကြီးပဲနော်။

လှိုင်းရိုက်တဲ့ဒဏ်၊လှိုင်းပုတ်တဲ့ဒဏ်ကြောင့် မြုပ်ချီတစ်ခါ ပေါ်ချီတစ်လှည့်ဖြစ်လိုက်၊ ပေါ်လာ ပြန်တော့လဲ ဒုံရင်းဒုံရင်းပဲ။
အုန်းလက်အမှိုက်တွေလို ဒိုက်အမှိုက်တွေကြားရုန်းကန် ထွက်လာ ဆက်မျောနေ။အချိန်တွေကုန် ဒုံရင်းဒုံရင်းပဲ။
ဘဲအုပ်တစ်ရာနှစ်ရာလို အနှောက်အယှက်ပေါင်းများစွာကြားကထိုးထွက်လာ၊ပြီးတော့ဒုံရင်းဒုံရင်းပဲ။
အခုချိန်ထိ ဒုံရင်းဒုံရင်းပဲ။

လူဆိုတာ သေမျိုးတွေပါ....။ ခုချိန်ထိ မျောပါနေသေးရင်...အဲဒီဗေဒါ...ဘယ်လိုဖြစ်မလဲ.....။ လောကကြီးကလဲ မျှော်လင့်နေသေးတုန်း၊လူသားတွေကလဲ တောင့်တနေသေးတုန်း ဆိုရင်...။ မျှော်လင့်တဲ့၊တောင့်တတဲ့ သူတွေမှာပဲ အပြစ်ရှိမလား။ဒါမှမဟုတ် ဗေဒါပန်းကတော့ ရေထဲဆက်မျောနေဦးမှာလား....။

Saturday 10 September 2011

လောကဓံကို အံခံတဲ့ပန်းဗေဒါ

လူသားတိုင်း လောကဓံ တရာကို ရင်ဆိုင်ဖြေရှင်းနေကြတာပါပဲ........ဇွဲလုံးလ ၀ီရိယတရာတွေနဲ့  လိုရာပန်းတိုင်ကို  ရှောက်လှမ်းကြတဲ့သူတိုင်းဟာ  ပန်းဗေဒါလို အံကိုခဲပြီး လောကဓံလှိုင်းဂယက်မှာ မျောနေသော်လဲ ပြုံမြဲပါပဲ ...

ပြောချင်တာလေးတွေပြောထားခဲ့ပါ

.

LinkWithin

Related Posts Plugin for WordPress, Blogger...

ဝတ္ထုစာများလိုအပ်ရင်ဒေါင်းသွား


မင်းလူ ၀တ္ထုများ
သင်္ခါရများ ခေါင်းလောင်းထိုးသောဝတ္ထုတိုများ အချစ်လို့အဓိပါယ်သက်ရောက်ခြင်းမရှိစေရ ငိုအားနဲ့ရယ်အား ခြေစစ်ပွဲများ အဖွားကြီးသုံးယောက်နဲ့စကားပြောခြင်း ဒေ၀တာမြို့တော စိန်အလွမ်း အီးကော်လံ လေထန်ဖုန်း ခြေစစ်ပွဲများ ညာဏ်စမ်းပုစ္ဆာ ဖူးစာရှင်ကိုရွေးတော့မည် ပြတိုက်ထဲက ပြဇာတ် ငါးလေးတစ်ကောင်ဖမ်းမိတယ် ချစ်မြှားရှင်အစ ချစ်မြှားရှင်အဆုံး

မင်းသိင်္ခ ၀တ္ထုများ
မြနန်းနွယ် မိုးနဲ့မြေ မ "တတ်ပါ့" မနောမရမြသက်လည် မနောမရကိုပီတာ မြိုင်ဟေ၀န် ပုဏ္ဏားဘကွန်း အပိုင်း၁ ပုဏ္ဏားဘကွန်း အပိုင်း ၂ တစ်ပွဲစားဦးနှော အပါအ၀င် အခြားဝတ္ထုတိုများ မိုးနဲ့အတူ ဆားပုလင်းနှင်းမောင်နဲ့ မြိုင်မဟာမမြလေး ပေတလူ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် အပိုင်း ၁ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် အပိုင်း ၂ မအောင်ရင် ဆားပုလင်းနှင်းမောင်နဲ့ ပျားဆွဲသောမုတ်ဆိတ် ဘမျိုးဘိုးတူဘယ်သ န်ဘမှန် မမင်းဖြူမှန်မှန်ပြော

မြသန်းတင့်

လာခြင်းကောင်းသောအရှင်သခင် (ဘာသာပြန်) သမိုင်းစကား ပန်းစကားနှင့် အခြားရသစာတမ်းများ လာခြင်းကောင်းသောအရှင်သခင် (ဘာသာပြန်) လက်ဖက်ရည်ဆိုင် (ဘာသာပြန်) ဂျူပီတာဖိုက် မော်ဒန်ကဗျာနှင့်ပတ်သက်၍ ကြာညိုနံသင်းသောရေ၀တီမ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် မှောင်မိုက်မှာငို (ဘာသာပြန်) တိမ်းရှောင်သူ (ဘာသာပြန်) ၏ကရီဖွားစော (ဘာသာပြန်) မှော်ရုံတော်မှာ မောလှပြီ(ဘာသာပြန်) စာရေးခြင်းအတတ်ပညာ (ဘာသာပြန်)

ကံချွန်ဝတ္ထုများ
အပျိုစင်တို့သိဖို့ 2 အပျိုစင်တို့သိဖို့ ၃ အင်တာဖီးနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင မန္တလေးကလူတွေအကြောင်း ပေါ့ပေါ့ပါးပါးဟာသဟာသ၀တ္တု တိုများ ကြားဖူးနားဝ ဟာသများ ဒါကဒီလိုရှိတယ် ဟိုဟာကဟိုလိုရှိတယ်။ ဒိုးဒိုးဒေါက်ဒေါက်ဟာသများ

ချစ်ဦးညို ၀တ္ထုများ
အီဂျစ်နဲ့အင်္ဂလန် နိုင်ငံခြားကိုမောင်သွားထားလေမလား ရုက္ခစိုးနဲ့ အခြား ပြိတ္တာများ ရာဇကုမာရ ၀ိဇိတာဝီ ၀ိသာခါနှင့်သီတာ စက္ကရုနှင့်ဘဒ္ဒါ ရှင်စောပု မလေးမဏိစန္ဒာ လင်္ကာဒီပချစ်သူ လောကဓံနှင့် လမ်းလျှောက်အတူထွက်ခြင်း နေမင်းလမင်းသိန်းရာထောင် ချစ်သောပါဒဧကရီ ချစ်သူမင်းနန္ဒာ ဒေ၀စ္ဆရာနှင့်တွေ့ဆုံခြင်း ယာဇ စာမရီသို့ထူးထူးခြားခြား မဏိစန္ဒာဥဒါန်း မဟာသေနာပတိ အစီရ၀တီ ကုဏ္ဍလကေသာ သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေမယ့် စကားများ

ဆောင်းဝင်းလတ် - ဆူးလေးဆူးတယ်ခုးမယ်
ပြည့်ပိုင်မှူးအိမ် ၀တ္ထုများ
ကျူးပစ်ဒ်၏ရင်ဖွင့်မြှား ကုန်ကြမ်း ပန်းနုရောက်ပြကွက်ထဲက ကကြိုးလှတဲ့သတို့သမီး သတ္တမမြောက်နတ်သမီး ခြံခုန်တဲ့ကြယ် အချစ်နဲ့နက္ခတ် နွေရင်ခွင်အတွက်နှင်းစက်အနမ်း ချစ်သူကိုတိုင် သွန်းခတ်ခဲ့သောသစ်သီးများ မိုးရထားပေါ်က လက်ပြတဲ့ကောင်မလေး မိုးကောင်းကင် လှည့်စားတဲ့ကြယ် အချစ်ကိုကြက်ခြေမခတ်ကြေး

မဟာဆွေ ၀တ္ထုများ
အင်္ကျီပါး သူပုန်ကြီး စာရေးကြီး
မင်းခိုက်စိုးစန် ၀တ္ထုများ
ဖိုးသူတော်ပြောသောပုံပြင် စိုမှာစိုးလို့ မိုးမိတယ် ခေတ်တစ်ခု၏အစ အဓိပါယ်တစ်ခု၏အဆုံး သုည ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက် လမ်းဆုံ ကော်ဖီည ကလေးအတွေး

လေ့လာမှတ်သား ဖတ်ရှု့စရာများ

# အနာဂတ်မျက်လုံးရှင် (အောင်ခန်.)

# ကာလီဒေ၀ီ (အောင်ခန်.)

# လက်သုံးတော်ဓါး (အောင်ခန်.)

# နေဘုရားတော် (အောင်ခန်.)


# အမွေ အောင်သင်း

# သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း

# ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)

# အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)

# သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)

* မဟာသေနာပတိ (ချစ်ဦးညို)

# တွေးသူများ (ကိုတာ)

# ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)

# စောရသက်ပြင်း (ဒဂုန်ရွှေမျှား)

# ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)

# စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)

# ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)

# ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)

# ၀ိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)

# သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)

# လက်မတင်ကလေး (ဒဂုန်ရွှေမျှား)

သူယောင်ရုပ် (ဒဂုန်ရွှေမျှား)

# ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)

# ငယ်ကချစ် အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)

# ရှက်ပြုံး (ချစ်စံဝင်း)

# ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)

# တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)

# တော (လင်းဝေမြိုင်)

မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)

# စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၁ (ဇင်သန်.)

# စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂ (ဇင်သန်.)

# စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)

# ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)

# သူတို.အမြင်သူတို.အတွေး (ပါရဂူ)

# ကလေးပြဿနာ (ပါရဂူ)

# သူ.လိုဘုရင် (ပါရဂူ)

# လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)

# သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)

# ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)

# ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)

# ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)

# တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)

# ၀သန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)

# ခေါင်းနှင့်ပန်း (ဖိုးဝမောင်)

# အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)

# ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)

# ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)

# အချစ် လက္ခဏာ (စံ-ဇာဏီဘို)

# အချစ် ဗေဒင် (စံ-ဇာဏီဘို)

# မီးပြတိုက် (ဆောင်းဝင်းလတ်)

# နံနက် ၃နာရီ (ဆောင်းဝင်းလတ်)

# ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)

# အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)

# အဖော် (ရှား)

# တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ (ရွှေဥဒေါင်း)

# မြတ်သက်မော် (ရွှေဥဒေါင်း)

# ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)

# ရတနာပုံ (ရွှေဥဒေါင်း)

# ခရီးထွက်ရန်စီစဉ်ကြခြင်း (ရွှေဥဒေါင်း)

# အနားသတ်သစ္စာ (စိုးမြတ်သူဇာ)

# ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)

# လူညာကြီး (ဆွေဆွေအောင်)

# လွယ်အိပ်ကလေး (ဆွေဆွေအောင်)

# အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)

# မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)

# ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)

# ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)

# ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)

# ကိုးမရှိတဲ့ န၀င်း(တာရာမင်းဝေ)

# အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)

# ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)

# ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)

# ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)

# ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)

# လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်(တာရာမင်းဝေ)

# ချစ်သုံးလီ (သန်းဆွေ)

# ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)

# ဘရန်ဒီတစ်ပုလင်း (သော်တာဆွေ)

# ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)

# အရှေ.ကနေ၀န်းထွက်သည့်ပမာ (သိန်းဖေမြင့်)

# မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)

# အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)

သုခ မှတ်စု


# ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)

# ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)

# အာဇာနည် (ဦးနု)

# တာတေ စနေသား (ဦးနု)

# ဘ၀အကျဉ်းသား (ဦးရွှေအောင်)

၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ

# HIV မှတ်စုများ ၂၀၀၄ (ဒေါက်တာသီဟ)

# ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)

# ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း) *****

# ယောနသံ ဇင်ယော် (ဦးဘသန်း)

မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ

# ကိုဒေါင်း (မောင်ထင်)

# ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)

# သွေး (ဂျာနယ်ကျော် မမလေး) ***

# ဂျုလိယက်ဆီဆာ (မန်းတင်)

# ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)

# ငှက်တွေ ဆောင်းမခိုမီ (ငြိမ်းအေးအိမ်)

# မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)

# မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)

# အဟိတ်- - - ၀တ္တုဇာတ်လမ်းများ (သိပ္ပံမောင်ဝ)

# ရတနာ လိုဏ်ဂူ (နတ်နွယ်)

အတွေးအမြင်စာစဉ်

# ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ (၀င်းဝင်းမြင့်)

# ဗေဒါလမ်း (ဇော်ဂျီ)

# ဝေေ၀ရီရီ ၀တ္တု (ဇော်ဇော်အောင်)

# မြိုင် (ဒဂုန်တာရာ)

# စက်ဝိုင်း (မစန္ဒာ)

# ငယ်သူမို.မသိပါ (မစန္ဒာ)

# ငြိုးမာန်ဖွဲ့သူရယ် (မစန္ဒာ)

# ဂျီဟောသူ (မစန္ဒာ)

# အရိပ် (မစန္ဒာ)

# ၀တ္တုတိုများ ၆ (မစန္ဒာ)

# ပုစ္ဆာ (မစန္ဒာ)

# မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ် (မောင်အံ့)

# ပစပ်ရာဇ၀င် (မှော်ပီဆရာသိန်းကြီး)

ကိုဒေါင်း (မောင်ထင်)

# မြန်မာ၁၂လအကြောင်း (မောင်ထင်)

# ဟာသများလက်ရွေးစင် (မောင်ကောင်းထိုက်)

# ဟာသများလက်ရွေးစင် ၂ (မောင်ကောင်းထိုက်)

# ဟာသများလက်ရွေးစင် ၁၄ (မောင်ကောင်းထိုက်)

# သေပြေးရှင်ပြေး (မောင်ပေါ်ထွန်း)

# ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး (မောင်စူးစမ်း)

# ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ (ဒေါက်တာအောင်ကျော်)

# တွေ.ရကြုံရ ရှတတလေးတွေ (အီကြာကွေး)

# မီးရောင်အောက်ကိုဝင်လျှင် (မိုးမိုး အင်းလျား)

# ဖြတ်သန်းသွားလာခွင့်မရှိ (မိုးနီလွင်)

# ပေတလူ (မင်းသိင်္ခ)

# ၀တ္တုတိုပေါင်းချုပ် (မင်းသိင်္ခ)

# ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း (မင်းသိင်္ခ)

# ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း (မင်းသိင်္ခ)

# မ" တတ်ပါ့" (မင်းသိင်္ခ)

# မအောင်ရင် (မင်းသိင်္ခ)

# မနောမယကိုပီတာ (မင်းသိင်္ခ)

# ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ (မြင့်သန်း)

# ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ (နန္ဒာသိန်းဇံ)

# အိုင်ဒီယာ အက်ဆေးများ (နေ၀င်းမြင့်)

# နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)

# ကျွန်တော်နှင့်လက်တွဲဖေါ်များ (နီကိုရဲ)

# ကျွန်တော်နှင့်ဈေးသည်အလွဲများ (နီကိုရဲ)

# တစ်သုံးခုနှစ်ရှစ် (နီကိုရဲ)

# လှည့်စား (နီကိုရဲ)

# သံစုံကြူးတဲ့ည (နီကိုရဲ)

# လွယ်အိတ်ထဲကအလွဲများ (နီကိုရဲ)

# နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ (နီကိုရဲ)

# ဇွတ် (နီကိုရဲ)

# ဇက်ပေါ်ကဆီးသီး (နီကိုရဲ)

# ရေပွက်ပမာ (မြသန်းတင့်)

# ကြာညိုနံ.သင်းသောရေ၀တီမ (မြသန်းတင့်)

# သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ (မြသန်းတင့်)

# လွမ်းလေကညင်း (နွမ်ဂျာသိုင်း)

# တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ် (နွမ်ဂျာသိုင်း)

# ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ (မစန္ဒာ)

# အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း (သိပ္ပံမောင်ဝ)

# မြတ်ဗုဒ္ဓ ဒေသနာ (ဒေါက်တာဝါလ်ပိုလာ)

# အမေနဲ့အမေ့အကြောင်း (ချစ်စံဝင်း)

# ဖူးစာရှင် (မင်းလူ)

# အမှတ်တရ (ဂျူး)

# ချစ်သူ၏သမီး(ဂျူး)

# ရေမျောသီး(ဂျူး)

# လေထဲမှာပျံဝဲသူများ(ဂျူး)

# ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)

# အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ(ဂျူး)

# ကြယ်စင်တံတားကမ်းပါးနှင်းဖြူ(ဂျူး)

# ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့(ဂျူး)

# လရောင်ကိုကြောက်သူ(ဂျူး)

# ချစ်ခြင်း၏အနုပညာ(ဂျူး)

# မိန်းမနှစ်ယောက်(ဂျူး)

# မြရဲ့လ(ဂျူး)

# အက်ဆစ်တစ်ခွက်(ဂျူး)

# ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်(ဂျူး)

# ကျွန်မနဲ့ဆေးလိပ်(ဂျူး)

# ဆရာဝန်နှစ်ယောက်(ဂျူး)

# ကြယ်ကြွေတို့ရဲ့အတောင်ပံ(ဂျူး)

# ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)

# လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း (ချစ်ဦးညို)

# ရှက်စိတ် (လူထုစိန်ဝင်း)

# အဖြူ (ဂျာနယ်ကျော် မမလေး)

# အတောင်ပံတွေရှိခဲ့ရင် (လွန်ထားထား)

# ရှူး (တာရာမင်းဝေ)

# ပင်လယ်နှင့်တူသောမိန်းမများ (ဂျူး)

# အပြင်ကလူ (ကြည်အေး)

# နွမ်းလျအိမ်ပြန် (ကြည်အေး)

# ကံကိုပြင်လိုက်ပါ (ရဝေနွယ်-အင်းမ)

# အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း (ကံချွန်)

# သစ်ရွက်တို့၏ပေါ့ဆခြင်းများ (ဝေမှူးသွင်)

# စက္ကူပန်းတွေရဲ့သီချင်း (ဝေမှူးသွင်)

နဂါးနိုင်ဓါး

# စိုမှာစိုးလို့မိုးမိတယ် (မင်းခိုက်စိုးစန်)

# ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး (မင်းခိုက်စိုးစန်)

# ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည (မင်းခိုက်စိုးစန်)

# ကလေးအတွေး (မင်းခိုက်စိုးစန်)

HTML Codes