သူငယ်ချင်းရေ
အချစ်ဆိုတာကို
လူတွေကအမျိုးမျိုးဖွဲ့ကြတယ်
မေတ္တာကိုလည်း
ချစ်ခြင်း၊
တဏှာကိုလည်း
ချစ်ခြင်းလို့ ပြောကြပါတယ်
ဒါပေမယ့် ဒီနှစ်မျိုးရဲ့ 
အတွင်းသဘောကတော့ တခြားစီပါပဲ
အချစ်သည် ထာဝရ မဟုတ်ဘူး ဆိုရမယ်ဆိုလျှင်
လောကကြီးတွင် ဘယ်အရာက ထာဝရရှိပါသလဲ။
အချစ်ဆိုတာကရော
ထာဝရ တောက်လောင်နေသင့်ပါသလား
ထာဝရ တောက်လောင်နေမှ
အချစ်လို့ခေါ်ဆိုနိုင်မှာလား
အဲဒါဆိုအဲဒီအချစ်က
တဏှာအချစ်ဖြစ်မနေဘူးလား
တဏှာချစ်က တဒင်္ဂအချစ်လို့
ပြောနိုင်လား.........?
မေတ္တာချစ်နဲ့ချစ်တဲ့အချစ်က
ငြိမ်းချမ်းပါတယ်
မေတ္တာချစ်က ကိုယ်ချစ်တဲ့ သူကို
စိတ်မပူပါဘူး
သ၀န်တိုဘူး
တဏှာချစ်ကတော့
ပူပန်တတ်ပါတယ်။
ပူလောင်လိမ့်မယ်
မေတ္တာအချစ်က
ကိုယ်ချစ်သူရဲ့
အကျိုးကို ကြည့်ပါတယ်
ကိုယ်ချစ်တဲ့သူကို ကျွေးမွေးပြုစုတာ၊
ဘေးရန်ကင်းအောင်
စောင့်ရှောက်ချင်တာ မေတ္တာချစ်ပါ
ချစ်သူ့အကျိုးကို ပဲကြည့်တယ်လေ
“ချစ်ခြင်းမေတ္တာဆိုတာ
သူ့ဘာသာသူ ဒီအတိုင်း တည်ရှိနေရုံနဲ့
အဓိပ္ပါယ်မပြည့်စုံပါဘူး။
သူလိုအပ်ချိန်တိုင်းသူဘေးမှာ
ဖေးကူပြီးနှစ်သိမ့်ပေးမှ
အဓိပ္ပါယ်ပြည့်စုံမှပါ
ချစ်ခြင်းမှာ ဘာကြောင့် ချစ်တယ် ဆိုတဲ့
အကြောင်းပြချက်မရှိပါဘူး
ဘယ်လို ချစ်ခြင်းမျိုးကိုပဲ ဖြစ်ဖြစ်
အလွယ်တကူ ခွဲပစ်နိုင်တာဟာ
သူတစ်ပါးရဲ့ ကြားစကား၊ ကြားလုပ်ရပ်ပါပဲ။
တစ်ခါတစ်ခါ ကိုယ်ချစ်တဲ့
သူကကိုယ့်စကားထက်
ကြားစကားကို ယုံမိတတ်တာဟာ
ကြီးမားတဲ့ချစ်ခြင်းအတွက် ကြီးမားတဲ့
အန္တရာယ်တစ်ခုပါပဲ။
ချစ်ခြင်းက ထာဝရလား........?
No comments:
Post a Comment