ဒါပေမယ့် အမေရယ်...သားပြန်လာခဲ့ရင်လဲ ကျနော်တို့ဘဝက ချမ်းသာခြင်းဆိုတဲ့ ခံစားမှုမျိုးတွေကို မခံစားရတော့ အမေအရမ်းပင်ပန်းပြီး အလုပ်တွေလုပ်နေရအုံးမှာကို ကျနော်မကြည့်ချင်ဆုံပါ ...သားကို ပညာတတ်ကြီးဖြစ်အောင်ဆိုးပြီး အမေ့နားနှဘက်က အမေ့ရဲ့နားဍောင်းလေး ဖြုတ်ရောင်းပြီး သားကို ရန်ကုန်မြို့ကြီးကို ကျောင်းထားခဲ့တယ် အမေ ......ခုတော့လဲ သားကို ဘွဲ့ရပညာတတ်ကြီးဖြစ်အောင်ဆိုပြီး မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံ တက္ကသိုလ် တွေတတ်နိုင်အောင် အိမ်မှာရှိတဲ့နွားလေး ရောင်းပြီး သားမသိအောင် အမေ သားကို စာသင်စရိပ်ထောက်ပံခဲ့တယ်အမေရယ် သားလေ အမေ နွားလေးရောင်းပြီး သားကို ပေးလိုက်သော ငွေလေးတသိန်းလေးကို ရင်ဝယ်ပိုက်ပြီး အမေ မသိအောင် မျက်ရည်ကျခဲ့ရတယ် အမေ ရယ်. ...ခုတော့လေ ဘဝပေးအခြေအနေရ
အမေနဲ့ ဟိုး.....အဝေးတစ်နေရာကိုရောက်နေခဲ့ပေမယ့် အမေကိုတော့တစ်ရက်မှမမေ့ပဲ အမြဲအမေကိုသားသတိရနေတယ်ဆိုတာ အမေလဲသိလောက်မှာပါ.....အမေရယ် သားတို့ရဲ့ဘဝကို ဒီအရွယ်ထိရောက်အောင်ပြုစုစောင့်ရှောက်ကျွေးမွေးခဲ့ပြီး....အမေကတော့ စားစရာရှိရင်လဲ သားအတွက် သ္မီးအတွက်ဆိုပြီး ဖြစ်သလိုလေးနဲ့စားပြီးနေတက်သော အမေ..သားသမီးတွေကို သူများတန်းတူ စားနိုင်ဝတ်နိုင်ရန် ပင်ပန်ကြီးစွာရှာဖွေကျွေးမွေခဲ့သောအမေ...သားသ္မီးတွေအားလုံးအတွက် ပင်ပန်းကြီးစွာလုပ်ခဲ့ရသော အမေ..ကျနော် အမေတို့နဲ့ဝေကွာနေချိန်မှာ အမေမှာဘယ်လောက်စိတ်ဆင်းရဲစရာတွေနဲ့ပဲကြုံကြုံ သားလေးသိရင် စိတ်ဆင်းရဲမှာဆိုးလို့ဆိုပြီး သားရဲ့ဒီမှာရှိနေကြတဲ့ သူငယ်ချင်းတွေကိုမရမက လိုက်ပိတ်ထားတက်တဲ့ အမေ........အော်....အမေရယ်..............သားလေအမေရဲ့ကျေးဇူးတရားတွေကို အမေနဲ့ဝေးမှပဲသိရတော့တယ် အမေရယ်...အမေတန်ဖိုးကိုကျနော် အမေနဲ့အတူရှိနေစဉ်က ကောင်းကောင်းနားမလည်ခဲ့တာကိုခွင့်လွတ်ပေးပါအမေ........သားလဲအမေဆီကို အရမ်းပြန်လာချင်ပါပြီအမေရယ်...ပညာသင်ချိန်တွေ ကုန်ဆုံးလို စာမေးပွဲတွေပြီးတဲ့အချိန်မှာ အမေဖြစ်ဖြစ်စေချင်တဲ့နိင်းငံကျော် ပညာတတ် တရားဟော ဓမ္မကထိကကြီး လောက် မဖြစ်ပေမယ့် သားတတ်သိသလောက် အမေရွာလေးနဲ့ အမေရဲ့ ကျေးဇူးတရားတွေကို သားအမြန်ပြန်လာပြီး ပြုစုလုပ်ကျွေးပါရစေ အမေ........
No comments:
Post a Comment