Saturday, 5 May 2012
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
Friday, 4 May 2012
ကဆုန်လပြည့်ဗုဒ္ဓနေ့..
(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ…ဤကားစာကြွင်း)
အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။
(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)
(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)
(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။
(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု))
Monday, 9 April 2012
သင်္ကြန် သမိုင်းကြောင်း
အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့
လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်
တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။
သိကြားမင်း -ဗြဟ္မာမင်း
တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။
အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို
ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။
ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။
ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိရင်
ပင်လယ်ရေတွေခန်းခြောက် သွားနိုင်ပါတယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာအပိုင်းပိုင်း
ကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲ ကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခု
လုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလိုမဖြစ်စေ
ဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်
လို့ နောက်တစ် နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာနှစ်သစ်
ကူး ပွဲတော်အဖြစ်ကျင်းပ ခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံ
တွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။
ပုဂံခေတ်မြန်မာသင်္ကြန်
အကြိုနေ့
သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာကစတယ်
လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကိုကျင်းပလေ့ရှိပါ
တယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်း
မှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။
အကျနေ့
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကိုသိစေဖို့
သင်္ကြန်အမြောက်ကို ဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့မြေကြီးကို ရေဖြန်း
လို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ်ဗရာမန်ဇာတ်ဝင် ပုဏ္ဏားက
နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြား
မင်း ဘာ တိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီးဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ
လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး
ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။
တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး
ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်း
ဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်း ခြေသည်း
လက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့လွှတ် ပေးခြင်းဓလေ့ တွေနဲ့ ပေါင်းစပ်ပေးခဲ့ပါတယ်။
မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့
ပွဲတော်ဆိုလဲမမှားပါဘူး။ ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ မြန်မာတွေမေတ္တာတရား
များပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါ
အပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ ရန်သူ မျိုးငါးပါးရန်မှ ကင်းဝေးကြပါစေ နှလုံး
စိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။
Thursday, 5 April 2012
သီရဂူဆရာတော်ရဲ့မှာတမ်း
ဆည်းကပ်ကြတယ် မြို့ဖြစ်တယ် အရုဏနဲ့အာသီမြစ် နှစ်ခုဆုံတဲ့မြို့လဲဖြစ်တယ် အာရှတိုက်တခုလုံး အလွန်ရှေး
ကြတဲ့ တက္ကသိုလ်ကြီးတွေထဲမှာ ဗရာသီတို့ BHU တက္ကသိုလ်တို့ ဗာရာဏီ ဟိန္ဒူ ယူနီဘာစီတီကို BHU
ခေါ်တယ်..ဒီမှာနေပြီး ဗရာဏသီမှာပညာသင်ကြားတဲ့ သံဃာတော် ဒီတက္ကသိုလ်ရဲ့သံဃာတော်များရဲ့သမိုင်းမှာ MA,DR ရသွားကြတဲ့ မြန်မာနိုင်ငံက သက္ကတ ဟိန္ဒူ ကျွမ်းကျင်တဲ့ ဆရာတော်ကြီးတွေ
မြောက်များစွာရှိတယ်
ဒီဘွဲ့တွေယူသွားကြတဲ့ လူတွေရော ဆရာတော်တွေရော တကယ့်လူစွမ်းကောင်းတွေပဲ ခုလဲပဲ ဗရာဏသီမှာ ပညာ
သင်ကြားတဲ့သံဃာတော်များအားလုံး ညီအကိုအရင်းလို ပြောခဲ့မယ် .ဘ၀ဆိုတာ သင်ကြားနေခြင်းနေပဲ..
အသက်ရှင်နေသမျှကာလပတ်လုံး သင်နေရမယ် .ဘ၀ရဲ့အမြင့်ဆုံး အထွဋ်ထိပ်ဆုံး ရောက်အောင်သင်ရမယ်
သင်ကြားပြီးတော့ ငါ့ပြောချင်တာက မြန်မာနိုင်ငံမှာ ရထားဘေး သဘောင်္ဆိပ် ကျေးရွာတောရွာတွေမှာ
စာမသင်ရတဲ့ကလေးတွေအများရှိတယ် မင်းတို့ MA ,PHD ဘွဲ့တွေရပြီးတော့ ဘာလုပ်မလဲ သံဃာ
အပါးတစ်ထောင်
ဆိုရင် ဒေါက်တာ တစ်ထောင် ဘာလုပ်မလဲ အဲဒီမေးခွန်းကို သေသေချာချာဖြေနိုင်အောင်ကြုစားကြပါ ...ရှေးဆက်
ရေးမည်
Wednesday, 28 March 2012
မေမေ့ ရင်တွင်းမှာ
ကရုဏာမြစ်တစ်စင်းရှိတယ်...
မေမေ့ နှလုံးသားမှာ
မုဒိတာ လမင်းရှိတယ်..
မေမေ့ မျက်လုံးထဲမှာ
မေတ္တာပန်းခင်းရှိတယ်..
အဲဒီထက် တိကျ
သေချာ ဂဏမသိရတဲ့
အလှသစ္စာတရားတွေ
မေမေ့ ဆီမှာရှိမှန်း
ခွဲခြမ်း မပြတတ်ပေမဲ့
သား...ယုံကြည်ခြင်း ရဲ့ ကောင်းကင်ဘုံထက်မှာ
မေမေ ပာာ စံတင်လောက်စရာ
ဂန္တ၀င်မြောက်မေတ္တာရှင်ပါ
မေမေရယ်........။
တက္ကသိုလ်မောင်ကျောင်းသား
အမေများနေ့ ကိုကြိုဆိုဂုဏ်ပြုလျှက် မြန်မာပြည်မှ ကျွန်တော်ဧ။်မေမေနှင့်ဖေဖေကို ကန်တော့လိုက်ပါသည်..
ခုံဖိနပ် တစ်ရံရယ်..
ခေါင်းပေါင်း တစ်ခုရယ်..
သူရိန်နဲ့  စကားပြောပြီး..
သင်္ခါရ တရားတွေ ကို အဖော်လုပ်..
အိမ်ရှေ့ သစ်ပင်က ငှက်တွေ ထပြန်သွားကြပြီ..
သစ်ကိုင်းခြောက်တွေ လည်း ရွက်နုထွက်ရင်းက .
မြေမှာ ခလို့ ..
ဘယ်တုန်းကမှ တံခါးမရှိတဲ့  အမေ့  အိမ်မှာ..
ငှက်တွေ လဲ မလာတော့ ဘူး..
သစ်ရွက်တွေ လည်း ကြွေကြွေ ကျနေပြီ..
အသက်ရှုသံ အေးအေးနဲ့  ..
အမေ ကဗျာရွတ်နေပြီ..
သားကြီးရော နေကောင်းရဲ့ လား ..
သမီး အလတ်ရော အလုပ်အဆင်ပြေရဲ့ လား..
သားငယ်လေးရော အရင် လို ဆိုးတုန်းပဲလား..
သားတို့ မောင်နှမတွေ ရော တွေ့ ကြရဲ့ လား..
အမေ အရင် လိုထမင်းစားလို့ မကောင်းတော့ ဘူး..
အမေစီး ခဲ့ တဲ့  ခုံဖိနပ် တစ်ရံ ကြောင့်
သားတို မောင်နှ မတွေ ကတ္ထီပါ ဖိနပ် စီးခဲ့ ရပြီ..
အမေ ပေါင်းခဲ့ တဲ့ ခေါင်းပေါင်း အ၀တ်စ လေးကြောင့်..
သားတို့  အ၀တ်စ မျိုးစုံ ၀တ်နိုင်ခဲ့ ပြီ..
အမေအိမ်ရဲ့  လှေခါးရှေ့ က မီးဖိုခန်းလေးမှာ..
အမေခေါင်းပေါင်းလေးနဲ့ ခုံဖိနပ် တစ်ရံ..
ကျွန်တော်ကို မြင်လို့ သူတို့ ပြုံးနေတယ်..
တံခါး မရှိ တဲ့  အမေ အိမ်မှ ..
ကျွန်တော်တို့ တွေ အတောင်စုံခဲ့ ကြပြီ..
အမေ ငှက်တွေ မရှိပေမဲ့  နံနက် တိုင်း ..
အစာတွေ ပစ်ကျွေးနေတယ်..
အမေကျွန်တော် ကို မြင်လိုက်တော့..
ကမ္ဘာကြီးကို စိန်ခေါ်ပြီး ပြုံးနေလိုက်တာ..
ဒါ..အမေ့ သားကြီး ဟုတ်ပါတယ်နော်..
အမေအရင်ကလို မျက်လုံးတွေ သိပ်မကောင်းတော့ ဘူး..
သြော် ..ဒါကြောင့် တံခါးမရှိတဲ့ အမေ့ အိမ်မှာ ..
ငှက်တွေ မလာပေမဲ့  အစာတွေ..
ကျွေးနေဆဲ.......အမေ...။
Friday, 23 March 2012
ငှက်တစ်ကောင်ရဲ့ ဒိုင်ယာရီ
အလည်လွန် သင်းကွဲငှက်ရဲ့ အိမ်ပြန်ချိန်
ဒီလောက်တော့ မခါးသက်သင့်ဘူး
ဖြတ်သန်းခဲ့သမျှမိုင်တွေ…
ရှေ့တစ်လှမ်းတိုးဖို့ အားပေးဖူးသလို
နောက်တစ်လှမ်းဆုတ်ဖို့အထိလည်း
အားလျော့စေခဲ့တယ်
မုန်းတိုင်းထဲမှာ ကျရှုံးရမယ့်အဖြစ်ကို
သူမလိုချင်ပါဘူး
အေးချမ်းတဲ့မိုးစက်နဲ့တော့
ဆေးကြောလှဲ့ပါ
ပျံသန်းရင်းလည်း ကျရှုံးဖူးတာပဲ
ပြန်ထဖို့ကြိုးစားရင်းလည်း ဖြစ်နိုင်ခဲ့တာပဲ
ဒါပေမယ့် အမည်းရောင်နာမည်တစ်ခု
သူ့အတွက်ရှိနှင့်နေပြီ
တောင်ပံကျိုးတဲ့
ပြောင်းလဲဖို့ကြိုးစားချိန်မှာ
မပြောင်းလဲတဲ့အမြင်နဲ့သူတွေကြောင့်
သူအားမလျှော့ပါဘူးလေ
တောင်ပံတစ်ခါခတ်တိုင်း
လဲကျခဲ့တဲ့နေရာနဲ့ကွာဝေး
နွေးထွေးတဲ့သူ့အသိုက်အမြုံနဲ့
နီးကပ်လာခဲ့ပြီကိုး…
ရွာနဲ့သူငယ်ချင်းတို့အလွမ်းကဗျာလေးတပုဒ်
ငယ်သူချင်းတို့ရေ...
မင်းတို့ မပါဘဲ
ဆူးခင်းလမ်းကို
လျှောက်ရဲလျှက်.....။
ချစ်သူငယ်ချင်းရေ...
မင်း တို့မပါလဲ
လောကမုန်တိုင်း
သံတံတိုင်းကို
ကြံ့ကြံ့ခံနိုင်ရဲ့.....။
ချစ်သူငယ်ချင်းရေ...
မင်းတို့ မပါလဲ
ခက်ခဲကြမ်းတမ်း
ဘဝလမ်းကို
အားအင်များနဲ့
လျှောက်ရဲပါရဲ့.....။
သို့သော်ငြားလဲ
ဝေးတမြေရောက်
ချစ်ဆုံးသူငယ်ချင်းတိုအား..
တမ်းတရင်းဖြင့်
လွမ်းရင်းရူးလျှက်
ရှိနေပါ၏.....။
မုသားမပါ
လင်္ကာမချော
သို့သော်ငြားလဲ
ငါ့ရင်ထဲမှာ
မှန်သော သစ္စာ
ငါ့နှုတ်ဖျားမှ
တိုင်တည်စကား
ထွက်ဝံ့ပါ၏.....။
ချစ်သူငယ်ချင်းတို့ရေ...
- မင်းတို့မပါက
ပန်းခင်းလမ်းလဲ
မနှင်းလိုပါ.....
- မင်းတို့မပါက
လေပြေအေးလဲ မတိုက်စေလို....
လေညှင်းအေးလဲ မအေးမြပါ.....
- မင်းတို့မပါက
စည်းစိမ်အပြည့်
ပုံကာထားသော
ဘဝကြီးအား
ပေးအပ်၍လည်း
မပျော်နိုင်ပါ.....
ချစ်သူငယ်ချင်းတို့နှင်ရွာကိုလေ
...
အသက်ရှုတိုင်း သတိရနေတာပါ....။
Thursday, 15 March 2012
ရွှေညာမြေတို့ရဲ့ယဉ်ကျေးမူအလှ
အမှတ်ရမိတာလေးကို မမေ့နိုင် ခုတော့အဲဒါတွေကမရှိသလောက်ဖြစ်သွားပြီ ဘာဖြစ်လိုလဲဆိုတော့ ဗွီဒီယိုတွေ ရုပ်ရှင်တွေက လွမ်းမိုးသွားတော့ ဓလေ့ထုံစံတွေပျောက်ကွယ်သွားကြပြီ အညာမြေတို့ရဲ့ဓလေ့ထုံစံလေးကို မမေ့နိုင်လို စာစီကာရေးချလိုက်တယ်...................
ဗြဟ္မာစိုရ်တရား
၁။မေတ္တာဆိုတာ သူများအတွက်လဲ ကိုယ်လိုပဲ ချမ်းသာချင်ကြလိမ့်မယ်လို့ ကိုယ်ချင်းစာ ပြီးတော့ သူတပါးတွေကိုချမ်းသာစေလိုတဲ့သဘောပါပဲ။
၂။ကရုဏာဆိုတာ ကိုယ့်အောက်ကလူတွေ ဒုက္ခရောက်နေရှာကြတဲ့ သူတွေကို ကိုယ်ချင်းစာတရားနဲ့ သနားကြင်နာတတ်တဲ့သဘောပါပဲ။
၃။မုဒိတာဆိုတာ ကိုယ့်အထက်ကလူတွေ ကိုယ့်ထက်ပြည့်စုံချမ်းသာတဲ့ သူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေလို ၀မ်းမြောက်ကြည်သာစွာ နှလုံးသွင်းတဲ့ သဘောပါဘဲ။
၎။ဥပေက္ခာဆိုတာ သတ္တ၀ါတွေဟာ မိမိကိုယ်တိုင်ပြုလုပ်ထားတဲ့ အမှုကံအားလျော်စွာ ဖြစ်နေကြရတာဘဲလို့ ဘက်မလိုက်ဘဲ မျှမျှ့တတ နှလုံးသွင်းတဲ့ သဘောပါဘဲ။
Tuesday, 21 February 2012
ထောင်မြင် ရာစွန့်ဆို့တဲ့စကား
ပစ္စည်းဥစ္စာလေးနဲ့ ရင်းနှီးပြီး စီးပွားရေးတိုးတတ်အောင်လုပ်ကိုင်နေကြရတယ်..လူတန်းစားအဆင့်ဆင့် ၁၀၀“ရှိသူက ၂၀၀ရှိအောင် ၁၀၀၀ထောင်ရှိသူက ၂၀၀၀ထောင်ရှိအောင် ကိုယ့်ရှိ၁၀၀ကိုရင်းနှီးပြီးလုပ်ခြင်းဟာ ၂၀၀ရဘို့်ပါပဲ မဟုတ်လား လောကီနယ်ပါယ်မှာ ချမ်းသာသထက်ချမ်းသာအောင် ကြိုစားနေကြတာဟာ ကိုယ့်မယား ကိုယ့်သမီး ကိုယ့်သားလေးတွေ ချမ်းသာဘို့် ကို နံနက်မိုးလင်း နေ၀င်ချိန်ထိ ရှာဖွေကြရခြင်းသည် သံယောဇဉ်တည်းဟူးသော အနှောင်အဖွဲ့တွေနဲပဲ ချမ်းသားဖို့ ရှာဖွေကြရပေသည် ပုထုဇဉ်တို့ရဲ့ ထောင်မြင် ရာစွန့်ပြီး စီးပွားရှာခြင်းသည် ချမ်းသာမယ်လိုထင်ကြတယ် ဗာဟိရ ၀တ္ထုသာတိုးတတ်လာကြလိမ့်မယ် မိမိတို့ရဲစိတ်ထဲမှာတော့ အမြဲလိုလို ဆင်းရဲနေကြပေလိမ့်မည် ဘာဖြစ်လိုလဲ ဆိုတော့ ကိုရှာတဲ့ပစ္စည်းဥစ္စာသည် လောဘဆိုတဲ့ လိုခြင်မူ ဒေါသ..အမြတ်ထွက်မူတွေ..မောဟ..တွေဝေမူဆိုတဲ့.အကုသိုလ်တွေနဲ့သာ ရှာကြလို မအေးချမ်းနိုင်ပေ အမြဲပူလောင်မူတွေနဲ့ပဲဖြစ်ကြရပေသည် လူသားတိုင်းဟာ ဆင်းရဲတယ်ဆိုတဲ့စကားအပေါ်ရံလောက်သာသိကြရသည်… အမှန်မမြင်သမျှတော့ ရာထုတ်ကို ချမ်းသာတယ်လို မြင်မိနေကြအုံးမှာပဲ မစွန့်နိုင်ကြပေ.. ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားဘ၀မှာ စကြာမင်းဖြစ်မှာကိုလဲသိခဲ့သည် ကြီးကြယ်တဲ့နန်းစီးစိမ်ကိုလဲခံစားရမှာကိုလဲ သိသည် ကြင်ယာလောင်း မယ်ယသော်နဲ့လက်ထပ်ပြီး ရာဟုလာဆိုတဲ့သားလေးတစ်ယောက်မွေးဖွားတဲ့နေ့ မှာ ဥယျဉ်အတွင်းကစားသွားရင်း သူအို သူနာ သူသေ ရဟန်း လို မြင်ခဲ့ရသည်ချိန်မှစပြီး လောက်ကကြီးတခုလုံးကို ပြောင်းပြန်မြင်သွားခဲ့သည် ..ဘာဖြစ်လိုလဲ ပုထုဇဉ်လူးသားတိုင်းဟာ လောက်ကကြီးကို ဇောက်ထိုးမြင်ခဲ့ကြသည်မဟုတ်လား ..ကိုခံစားနေတဲ့ ပစ္စည်းဥစ္စာနဲ့ သားသမီးမယားတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ မညီးငွေ့နိုင်ကြလေသည် မိမိရဲ့ တရာတန်လေးကိုပဲ သာယာတယ် မြဲတယ် ချမ်းသာတယ်လိုသူထင်နေသည်မို့ရာတန်ကိုမစွန့် ပိုးလောက်လန်းလိုတွယ်ကပ်ပြီးနေကြရလေသည် ဘုရားအလောင်းက လောကကြီးကတရားပြတာကိုပဲ သူခံစားနေရတဲ့နန်းစည်းစိမ်ဟာ ၁၀၀တန်လေးကို စွန့်ပြီး မအို မနာ မသေ တဲ့ ထောင်တန်ကိုပဲ ရယူတော့မယ်ဆိုပြီး ရာတန်ကိုစွန့်လွတ်ခဲ့သည်မဟုတ်လား…. ဒါကြောင့် မိမိတို့တွယ်ကပ်နေတဲ့ ရာတန်လေးကို စွန့်လွန်ပြီး ထောင်တန်ကို ရရှိနိုင်ပါစေလို အားပေးရင်း ……………………..မီးပိတ်အိပ်တော့မယ်နော်…ကြိုးစားပါအုံးမယ် ..
Sunday, 19 February 2012
စပါယ်နှင့် နင်းဆီတို့ရဲ့အလှ
နှင်းဆီလှသို့
စိတ်ကစပါယ်
လှပုံကြွယ်သည်
လူငယ်အများမှတ်စေသား။။။
စိတ်…..စိတ္တ+++++++++++++++++++++++++++++++++++++)
စေတသိတ်= စေတသိက +လော ဒေါ မော ထိန မာန ဒိဠိ အကိုသိုလ်စသည်)
စံပါယ်ပန်းဟာ…..စကြယ်တဲ့ အဖြူရောင် တစ်မျိုးသာရှိပြီး ပွင့်ချပ်မကြွေသလို ပန်းပွင့်ချြောက်သွားလဲ မွှေးနံမပြယ်တဲ့ ပန်းဖြစ်တယ် သူ့ရာသီရောက်မှပွင့်ပြ၍ တနှစ်တွင် ဒီတလ မြင်ရတဲ့ပန်းဖြစ်တယ်
လူတွေဟာလောဘကြီးပြီး မြန်မြန်ပွင့်အောင် မြေဆွေးချ ရေဖြည့်လောင်းလည်း မပွင့်ပါဘူး မြေဆွေးမချေ၇မလောင်းလဲ ပွင့်ချိန်တန်ရင်ပွင့်တဲ့ ပန်းဖြစ်တယ် မျက်စိနာတဲ့အခါ စပါယ်ပွင့်တင်ထားတဲ့ရေကို မျက်စဉ်းရေအဖြစ် အသုံးပြုရင် မျက်စိအနာပျောက်၍ မျက်စိလည်းကြည် စိတ်လည်းကြည်စေပါတယ် လူများရဲ့အလို မျက်နှာချိုသွေးကာ အရောင်းမျိုးစုံ မပွင့်သော်လည်း သဘောကောင်းတဲ့ အဖြူရောင်တမျိုးဖြင့် လူသားတိုင်းကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်ပါတယ် ဒီနေ့လူငယ်များရဲ့စိတ်ဟာ ဖြူစင်တဲ့ စံပါယ်ပန်းလို လှစေချင်တယ် ။။။။။
နှင်းဆီပန်းဟာ။။။။။။။။
အရောင်မျိုးဆုံရှိ၍ ဆူးဖြင့်စောင့်ကြပ် ကာရန်းထားတဲ့ ပန်းဖြစ်တယ် အမွှေးနံသာ ကြိုင်လိုင် သင်းပေမဲ့ ပွင့်ချပ်မခိုင် နွမ်းလျကြွေလွယ်တဲ့ ပန်းဖြစ်တယ် ဘယ်ရာသီမဆို လူအများက ပွင့်စေလို၍ ရေလောင်းပေးရင် ခဏခဏ ပွင့်ပြတတ်လို ခဏပန်းဖြစ်ပါတယ်….လူများရဲ့အလို မျက်နှာချိုသွေားကာ ရောင်စုံ အလှ
ပွင့်ပြသော်လည်း လူ့ရဲ့စိတ်သရမ်းကာ အရောင်မကြိုက်ရင် အပါယ်ခံပန်း ဖြစ်သွားတယ် နှင်းဆီပန်းဟာ
အရေင်းမျိုးစုံ ခွဲခြားပွင့်သဖြင့် လူရဲ့ ဖြူစင်တဲ့ စိတ်ဟာလည်း နှင်းဆီပန်း အရောင်းမျိုးစုံလို နီလိုက်
ဝါလိုက် ပြာလိုက်နဲ့ မတည်ငြိမ်တဲ့ သဘောတွေ ဖြစ်သွားတယ်.. ဒီနေ့လူငယ်များရဲ့စိတ်တွေဟာ
အရောင်းမျိုးစုံ(လောဘပန်း ဒေါသပန်း မောဟ ပန်း စသည်) ပွင့်ပြတဲ့ နှင်းဆီပန်းလို မလှစေချင်ဘူး.....
စိတ်နဲ့.........ပညာရှိ
စောင့်ရှောက်ရတဃ်။စောင့်ရှောက်ထားတဲ့စိတ်က မဂ် ၊ ဖိုလ် ၊ နိဗ္ဗာန်ချမ်းသာကို ဆောင်ပေးတဃ်။ စိတ်ပာာ နှိမ်နင်းရ
ခက်တယ် ၊ အဖြစ်အပျက် မြန်တဃ် ၊ သွားချင်ရာ သွားတယ်။ စိတ်ကို ဆုံးမတာပာာ ကောင်းတယ်။ အကြောင်းကတော့
ယဉ်ကျေးပြီးတဲ့ စိတ်ပာာ မဂ် ၊ ဖိုလ် ၊ နိဗ္ဗာန်ချမ်းသာကို ဆောင်ပေးလို့ပါပဲ။
စိတ်ပာာ အဆင်းစတဲ့အာရုံတွေမှာ တုန်လှုပ်တယ် ၊ တစ်အာရုံတည်းမှာ မတည် ၊ သင့်တော်လျောက်ပတ်တဲ့ အာရုံတစ်
ခုခုမှာ ထားရခက်တယ်။ မသင့်တော်တဲ့ အာရုံဆီ မသွားအောင် တားဖို့ခက်တယ် ။ မြားလုပ်သမားပာာ မြားကိုဖြောင့်
အောင်လုပ်သလိုပညာရှိပာာ စိတ်ကို ဖြောင့်မတ်အောင်လုပ်တယ်။
ငါးကိုရေထဲက ထုတ်ဆောင်ပြီး ကုန်းပေါ်တင်ထားလိုက်ရင် တဖျတ်ဖျတ်ခုန်တယ်။
ကာမဂုဏ် ငါးပါးမှာ ပျော်တဲ့စိတ်ပာာ ကိလေသ၀ဋ်ကို ပဃ်ရှားဖို့ ၀ိပဿနာ အာရုံမှာ ထားခံရတဲ့အခါ ၀ိပဿနာအာရုံမှာ
ကောင်းကောင်းမတည်နိုင်။
စိတ်ပာာ အဝေးမှာရှိတဲ့ အာရုံကို ယူနိုင်တဃ်။ တစ်စိတ်ဖြစ်ပြီးမှ တစ်စိတ်ချုပ်တယ်။
ကိုယ်ပုံသဏ္ဍာန် မရှိ ၊ အညိုစတဲ့ အဆင်းမရှိ။ မပာာဘုတ်လေးပါးဆိုတဲ့ ဂူကိုမှီဖြစ်တဃ်။
စိတ်ကိုစောင့်ရှောက်သူတွေပာာ မာရ်မင်းရဲ့အနှောင်အဖွဲ့ဖြစ်တဲ့ ၀ဋ် ဆင်းရဲမှ လွတ်ကြတဃ်။
( ဓမ္မပဒ ပါဠိ ၊ ၁၈ )
ကိုယ့်အမှု ကိုယ့်ရှု
သူတစ်ပါးတွေရဲ့ ကြမ်းတမ်းတဲ့ စကားတွေကို နှလုံးမသွင်းရ ၊ သူတစ်ပါးလုပ်တာ ၊ မလုပ်တာကို မကြည့်ရှုရ ။
ကိုယ့်ရဲ့လုပ်တာ ၊ မလုပ်တာကိုသာ ကြည့်ရှုရတယ်။
( ဓမ္မပဒ ၊ ၂၀ )
ပညာရှိအမူအရာ
ပညာရှိတွေပာာ ကောင်းလောကဓံတွေနဲ့ တွေ့ရလို့လည်း ၀မ်းသာတဲ့ အမူအရာကို မပြကြ ၊
မကောင်းလောကဓံနဲ့ တွေ့ရလို့လည်း မျက်နှာမသာယာတဲ့ အမူအရာကို မပြကြ။
( ဓမ္မပဒပါဠိ ၊ ၂၅ )
ပညာရှိသူ
ပညာရှိဆိုတာ ကိုယ့်အတွက်ကြောင့်ရော သူတစ်ပါးအတွက်ကြောင့်ပါ မကောင်းမှုကို မလုပ်။ သားသမီး ၊ ပစ္စည်းဥစ္စာ ၊
နိုင်ငံကို လိုချင်လို့လည်း မကောင်းမှုကို မလုပ် ။ ကိုဃ့်မှာပစ္စည်း ဥစ္စာ ပြည့်စုံလို့လည်း မကောင်းမှုကို မလုပ်။ အဲဒီလို
ပုဂ္ဂိုလ်သာ သီလရှိသူပဲ ၊ ပညာရှိသူပဲ ၊ တရားရှိသူပဲ ။
( ဓမ္မပဒပါဠိ ၊ ၂၅ )
ကျောက်တောင်ကြီး
တစ်ခဲနက် ကျောက်တောင်ကြီးပာာ အရပ်လေးမျက်နှာက လေကြောင့် မတုန်လှုပ်သလို ပညာရှိတွေပာာ
ကောင်းဆိုးလောကဓံတွေကြောင့် မတုန်လှုပ် ။ ( လောဘ ၊ ဒေါသ မဖြစ်။ )
( ဓမ္မပဒပါဠိ ၊ ၂၅ )
လူမိုက်နဲ့တရား
လူမိုက်ပာာ အသက်ထက်ဆုံး ပညာရှိကို ဆည်းကပ်စေဦးတော့ ၊ ပရိယတ် ၊ ပဋိပတ် ၊ ပဋိဝေဓတရားကို မသိ။
ဥပမာ ပာင်းမွှေယောက်မပာာ ပာင်းရဲ့အရသာကို မသိသလိုပါပဲ။
( ဓမ္မပဒပါဠိ ၊ ၂၂ )
ပညာရှိနဲ့ တရား
ပညာရှိပာာ တစ်မုပာုတ်မျှတောင် ပညာရှိကိုချဉ်းကပ်ရရင် လျင်မြန်စွာပဲ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓတရား ကိုသိတဃ်။
ဥပမာ လျှာပာာ ပာင်းရဲ့အရသာကို သိသလိုပါပဲ။
( ဓမ္မပဒပပါဠိ ၊ ၂၂ )
လူမိုက်နဲ့ မကောင်းကျိုး
မကောင်းမှုလုပ်တဲ့ လူမိုက်မှာ မကောင်းမှုက မကောင်းကျိုး မပေးသေးသမျှတော့ မကောင်းမှုကို ချိုမြိန်တဲ့ အရသာ
ပမာ ထင်နေတယ်။ မကောင်းမှု အကျိုးပေးတဲ့ အခါ ဒီဘ၀မှာ ညှဉ်းပန်းမှုအမျိုးမျိုးကို ခံရတယ်။ နောက်ဘ၀မှာ ငရဲ
စသည်မှာ အကြီးအကျယ်ဒုက္ခခံရတယ်။
( ဓမ္မပဒပါဠိ ၊ ၂၃ )
တစ်ရာအသက်နဲ့တစ်ရက်
ဖြစ်ပျက်နှစ်ဖြာ ၊ မမြင်ပါဘဲ ၊ တစ်ရာအသက်၊ ရှည်သည်ထက်လည်း ၊ ဖြစ်ပျက်နေပာန် ၊ ရုပ်နှင့်နာမ်ကို ၊ အမှန်မြင်လျက် ၊
ညဏ်စဉ်တက် ၊ တစ်ရက်တာမျှ ၊ သက်ရှည်ရသော် ၊ လောက့လူရွှာ ၊ ကောင်းမြတ်ပါသည် ၊ မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။
( ဓမ္မပဒပါဠိ ၊ ၃၀ )
ရိုသေပါ
ရှိခိုးထိုက်သူတွေကို ရှိခိုးလေ့ ၊ ကြီးသူတွေကို အမြဲရိုသေလေ့ရှိသူမှာ အသက်ရှည်တယ် ၊ အဆင်းလှတဃ် ၊
ကိုယ်စိတ်ချမ်းသာတယ် ၊ အင်အားရှိတယ်။
( ဓမ္မပဒပါဠိ ၊ ၂၉ )
စကားတစ်ခွန်း
အကျိုးမဲ့နဲ့ ဆက်စပ်တဲ့စကားတွေ ထောင်ပေါင်းများစွာ များစေဦးတော့၊ ကြားနာရလို့ ကိလေသာငြိမ်းစေတဲ့
စကားတစ်ခွန်းကသာ မြင့်မြတ်ပါတဃ်။
( ဓမ္မပဒပါဠိ ၊ ၂၈ )
သူတော်ကောင်းတွေရဲ့ ချစ်သူ
ကိစ္စပေါ်လာတဲ့အခါမှာ ဆုံးမပါ ၊ ကိစ္စမပေါ်ခင် ကြိုတင်သွန်သင်ပါ ။ မျက်မှောက်မှာ ဆုံးမပါ ။ မျက်ကွယ်မှာ
တမန်လွှတ်ပြီးတော့ ဖြစ်စေ ၊ သတင်းစကား ပို့လွှတ်ပြီးတော့ဖြစ်စေ သွန်သင်ပါ ။ တစ်ကြိမ်ဆုံးမပါ ။ အထပ်ထပ်
သွန်သင်ပါ ။ မကောင်းမှုက တားမြစ်ပါ ။ ဆုံးမသွန်သင်သူ ကို သူတော်ကောင်းတွေ ချစ်မြတ်နိုးကြတဃ်။ မသူတော်
တွေကတော့ မုန်းကြတဃ်။
( ဓမ္မပဒပါဠိ ၊၂၄ )
ဆည်းကပ်ပါ
ကိုယ့်ရဲ့အပြစ်ကို စိတ်ကောင်းနဲ့ ညွှန်ပြသူကို ရွှေအိုးညွှန်ပြသူပမာ ရှုမြင်ပါ ။
အပြစ်အားလျော်စွာ နှိပ်ကွပ်ပြောဆိုတဲ့ ပညာရှိကို ဆည်းကပ်ပါ ။ ဆည်းကပ်ရင် တိုးသာတိုးတက်တယ် ၊ မဆုတ်ယုတ်။
( ဓမ္မပဒပါဠိ ၊ ၂၄ )
မီးခဲပြာဖုံး
နွားမရဲ့နို့က ထွက်လာတဲ့ နို့ရည်ပာာ ချက်ချင်းချဉ်မသွားသလို မကောင်းမှုပာာလည်း ပြုလုပ်ဆဲမှာ အကျိုးမပေးတတ် ၊
ပြာဖုံးထားတဲ့ မီးကျီးခဲက မပူလောင်စေ ၊ ပြာကိုပူစေပြီးမှ အရေစသည်ကို ပူလောင်စေပါတယ်။ ဦးနှောက်အထိ
ပူလောင်စေပါတယ်။ ဦးနှောက်အထိ ပူလောင်စေပါတယ်။ မကောင်းမှုပာာလည်း ပြုသူလူမိုက် ကို ဒုတိယ ၊ တတိယ
ဘ၀မှာ ငရဲစသည်မှာ ဖြစ်စေကာ ပူလောင်စေပါတဃ်။
( ဓမ္မပဒပါဠိ ၊ ၂၃ )
လူမိုက်
လူမိုက်ရဲ့ အတတ်ပညာ ၊ အစိုးရမှု၊ အခြွေအရရှိမှု ၊ ပြည့်စုံမှုတွေပာာ သူ့အတွက် အကျိုးမဲ့ဖြစ်ဖို့ရာသာ အလွန်အကဲဖြစ်
ပါတဃ်။ လူမိုက်ရဲ့ ကုသိုလ်အဖို့အစုကို ဖျက်ဆီးတယ် ၊ ပညာဆိုတဲ့ ဦးထိပ်ကို ဖျက်ဆီးတယ်။
( ဓမ္မပဒပါဠိ ၊၂၃ )
ရှည်လျားတယ်
အိပ်မပျောက်သူအတွက် ညဥ့်ပာာ ရှည်တယ်။ ခရီးပန်းနေသူအတွက် တစ်ဃူဇနာပာာ ရှည်တဃ် ။
ဗောဓိပက္ခိဃတရား ၃၇ ပါးကိုမသိသူ လူမိုက်တွေအတွက် သံသရာပာာ ရှည်လျားတယ်။
( ဓမ္မပဒပါဠိ ၊ ၂၂ )
ပညာရှိဖြစ်နိုင်သူ
ကိုယ့်ကိုယ်ကို မိုက်မှန်းသိသူပာာ အဲဒီအသိကြောင့် ပညာရှိသို့မပာုတ် ပညာရှိနဲ့တူသူ ဖြစ်နိုင်တယ်။
လူမိုက် ( ပညာမရှိသူ )ဖြစ်ပါလျက် ကိုယ့်ကိုယ့်ကို ပညာရှိလို့ ထင်နေသူကိုတော့ တကယ့်လူမိုက်ပဲလို့ ဆိုရတဃ်။
( ဓမ္မပဒပါဠိ ၊ ၂၂ )
လေညာဆန်တဲ့ ပန်းနံ့
ပန်းတွေရဲ့ အနံ့ပာာ လေညာကိုဆန်ပြီး မမွှေးကြိုင်၊ စန္ဒကူးနံ့ ၊ တောင်ဇလပ်ပန်းနံ့ ၊ ကြက်ရုန်ပန်းနံ့တွေပာာ လည်း
လေညာကိုဆန်ပြီး မမွှေးကြိုင် ။ သူတော်ကောင်းတွေရဲ့ သီလရနံ့ပာာ လေညာကို ဆန်ပြီး မွှေးကြိုင်တယ် ။
( ဓမ္မပဒပါဠိ ၊ ပ ၊၂၁ )
ပန်းပုံကြီး
ပန်းပုံထဲမှ ပန်းကုံးများစွာကို ပန်းကုံးသူပာာ ပြုလုပ်သလို သေတတ်တဲ့သဘောရှိတဲ့ သတ္တ၀ါတွေပာာ ကုသိုလ်ကို
များများပြုလုပ်သင့်တယ်။
( ဓမ္မပဒပါဠိ ၊ ၂၁ )
အားမရသေးဘဲ
ကာမဂုဏ်ငါးပါး ပန်းတွေကိုသာ ဆွတ်ခူးနေတဲ့၊ ရောက်လာ၊ မရောက်လာသေးတဲ့ ကာမဂုဏ်အာရုံတွေကို ကပ်ငြိစိတ်
ရှိတဲ့သူကို သေမင်းက ခေါ်ဆောင်သွားတဃ်။ ဥပမာ အိပ်ပျော်နေတဲ့ ရွာသူ ရွာသားတွေကို ရေအယဉ်ကြီးပာာ သယ်
ဆောင်ပြီး ငါးလိပ်တွေရဲ့ အစာဖြစ်အောင် ပြုလုပ်သလိုပါပဲ။ ကာမဂုဏ်မှာ ရှာမှီးလို့ ၊ ရလို့ ၊ သုံးဆောင်လို့ ၊ သိုမှီးလို့
အားမရသေးတဲ့ သတ္တ၀ါကို သေမင်းက သူ့အလိုကို လိုက်စေပါတယ်။
( ဓမ္မပဒပါဠိ ၊ ၂၀ )
အယုဒ္ဓယခေါ် ... သာကေတမြို့ရဲ့တစေ့တစောင်း
အင်း ကောသလတိုင်း သာဝတ္ထိမြို့ ပသေနဒီကောသလမင်းသည် မဂတိုင်း ရာဇဂြိုဟ်ဘုရင် ဗိမ္ဗိသာရမင်းထံ သူဌေးတစ်ယောက်ပေးပါရန် မေတ္တာရပ်ခံတယ် ဗိမ္ဗိသာရမင်းသည် သူဌေးကိုမပေးပဲ သူဌေးလေး ဓနဉ္စယ ...သူဌေးကြီး(၅)ဦးအပါဝင်ဖြစ်သော မေဏ္ဍကသူဌေး၏သား...ကိုပေးလိုက်လေသည်
ဓနဉ္စယသူဌေးသည် မိသားစုနဲ့အတူ အခြွေအရံပစ္စည်းအားလုံးကို လှည်းအစီးငါးရာနှင့် ယူဆောင်ပြီး မဂတိုင်း ဘဒ္ဒိမြို့မှ သာဝတ္ထိမြို့သို့ထွက်ခွာလာရာ သရဘူမြစ်ဆိပ်ကမ်းအရောက်တွင် စိတ်ကြိုက်နေရာတွေ့သဖြင့် ပသေနဒီကောသလမင်းထံ မြို့တည်ဆောက်ခွင့်တောင်းလေသည် ဓနဉ္စယသူဌေးစိတ်ကြိုက်တည်ဆောက်သောကြောင့် သာကေတ ဟုခေါ်တယ်ကွယ် ...အဲဒီကစပြီးတော့ ဘဒ္ဒိယမြို့သည် ၀ိသာခါ၏အဘိုး မေဏ္ဍကသူဌေးနှင့် စန္ဒပဒုမတို့နေထိုင်ရာ မြို့ဖြစ်တယ်...၀ိသာခါ ၁၆နှစ်အရွယ် ရောက်ချိန် နေထိုင်သောမြို့လဲ ဖြစ်တယ် ...သာဝတ္ထိမြို့ မိဂါရ၏သည်သူ၏သား ပုည၀ဍ္ဎနကို လက်ဆက်ထိမ်းများပေးရန် တိုက်တွန်းလေရာ ပုည၀ဍ္ဎနသည် ရွှေရုပ်နှင့်တူသော သတိုးသမီးကို ရမှ လက်ထပ်မည်ဟု တောင်းဆိုသဖြင့် မိဂါရသူဌေးသည် ရွှေရုပ်နှင့်တူသော အမျိုးသမီးကို လိုက်ရှာခိုင်းသောအခါ အယုဒ္ဒယခေါ် သာကေတမြို့ သရဘူမြစ် ဆိပ်ကမ်း္ပ္ပမှာ ရေချိုးပြီး ပြန်အတက်မှာ အင်မတန်ချောလှပသော ရွှေရုပ်နဲ့တူသော အပျိုရွယ်ဝိသာခါကိုတွေ့ခဲ့တယ်..အဲဒီကစပြီးတော့ ၀ိသာခါနှင့်ပုည၀ဍ္ဎနတို့ လက်ထပ်ပေးလိုက်ပြီး သာဝတ္ထိမြို့ မှာ အမြဲနေထိုင်ပြီး ပုပ္ဗာရုံကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းသွားတယ် အင်းဒီလောက်ပဲကွာ သာဝတ္ထိရောက်မှ ပြောကြတာပေါ့ဆိုပြိး ဆရာတော် ကားမောင်းတဲ့ကုလားလေးနဲ့ စကားပြောနေခိုက် စာရေးသူ၏ရင်ထဲမှာ အတွေ့တခု ဗဟုသုတ ရခဲ့တာ အလွန်လွန်ကို ၀မ်းသာပီးတိဖြစ်ခဲ့တယ် မသိတာက အယုဒ္ဒယမြို့ဟာ ဟိုရခင် ဘုရားလက်ထက်က ၀ိသာခါတို့ နေထိုင်သွားတဲ့ သာကေတမြို့ ပြီးတော့ သာကေတမြို့ရဲ့အနီးမှာ သရဘူမြစ်ဆိုတာရယ် သိလိုက်ရတယ် ...ခုချိန်မှာတော့ အယုဒ္ဒယခေါ် သာကေတမြို့သည် ဟိန္ဒူ(၈-ရာစု)ဘုရားကျောင်းနှင့် မူစလင်(၁၅-ရာစု)ဘုရားကျောင်း မြေနေရာအတွက်အငြင်းပွားနေသော အယုဒ္ဒယမြို့ဖြစ်လေသည်......
ခန္ဓာသင်္ကြန်....။။။။။
အတာသင်္ကြန်....
အတာသင်္ကြန်ဟုခေါ်သည် အတာဟူသည် အန္တ ဟူသောပါဠိမှလာသည် အန္တ ဟူသည် အဆုံးဟူ၍ အဓိပါယ်ထွက်သည် နှစ်တနှစ်၏အဆုံး နှစ်ဟောင်း၏အဆုံးကို ဆိုလိုသည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူပြောင်းခြင်းကိုပင် အတာသင်္ကြန်ဟုခေါ်သည် …… ဘ၀သံရာ …ရှည်လျား …ထွေပြား..မနေမနား…တစ်သွားတည်း..သွားကြတာ ။ခရီးပန်းတိုင် …မရောက်မချင်း…တစ်ယောက်ဆင်း…တစ်ယောက်တတ်..ဆက်လက်ထွက်ခွါလာ……။လောဘရယ်…ဒေါသရယ်..မောဟရယ်…၊အ၀ိပဇ္ဇာပစ္စယာ..သခါင်္ရာတဲ့…၊ပျော်လိုက်..ရွှင်လိုက်..၊ငိုကာ၊ရယ်ကာ၊ ဘယ်ဟာ မတည်မြဲ၊ဖောက်လွဲဖောက်ပြန်…၀ိပလ္လာ..အကြောင်း..ကမ္မဿကာ……။တွေ့ကြုံ။ဆုံကွဲ…ခရီးခဲ..၀မ်းနည်းဝမ်းသာ…ဖြစ်ချင်တာလည်း…မဖြစ်ရပါ ..၊မဖြစ်တာတွေလည်း ဖြစ်ရတာ၊ သုံးဆယ့်တစ်ဘုံ ၀ဋ်အတွက်ရောက်တော့…ကရွက် က်ငးလျောက်တဲ့ ပုံမမာ…အဲဒါ ဘ၀သံသရာ…။
သံသရာဆွေမျိုးတွေ ရှေးရေစက် မကင်းလို ယခုဘ၀၌လာရောက်ပြီးတော့ လင်နှင့်မယား မိဘနှင့်သားသမီး ညီအကိုမောင်နှမ ဆွေမျိုးသားချင်း အပေါင်းအသင်း မိတ်ဆွေ ဆရာနှင့်တပည့် လူကြီးနှင့်ငယ်သား စသည်စသည်ဖြင့် တွေ့ကြ ..ဆုံကြ.. ကြုံကြ .. တွဲကြ ..ကွဲကြ ခွဲကြ.. အမျိုးမျိုး အဖုံဖုံ ဇာတ်လမ်း ဇာတ်ကွက်က တကယ်စုံ.. ညနေခင်း ရန်ကုန်မြို့ပေါ် ဘက်စကားစီးရသလို ကျပ်တည်းလှသည့်ဘ၀ခရီးလမ်း ဖြောင့်ဖြူးသည်မရှိ အကောက်နှင့် အကွေ့နှင့် ခက်ကြမ်းကြမ်း ဖြစ်ချင်တာတွေ မဖြစ်ရ မဖြစ်ခြင်တာတွေ ဖြစ်ရ.. မြင်ချင်တာ မမြင်ရ မမြင်ချင်တာ မြင်ရ ကြုံချင်တာ မကြုံရ မကြုံချင်တာ ကြုံရ တွေ့ချင်တာ မတွေ့ရ မတွေ့ချင်တာ တွေ့ရ ရတာမလို.. လိုတာ မရ ဒုက္ခတွေတကယ်များသည့် ဘ၀ သုံးဆယ့်တစ်ဘုံဝဋ်အတွင်းမှာ ကရွတ်ခွေပေါ် ကင်းချေများ လျောက်သလို တလည်တည်းလည် သည်နေရာပဲထပ်ထုပ်ရောက် အဆုံးဘယ်မှာ ရှာမတွေ့ သြော်..... ဘ၀သံရာ….ဘ၀တွေ အခါခါ ပြောင်းခဲ့သော်လည်း အပြောင်းက မတည့် အပြောင်းက အလဲဖြစ်လိုက် ..အလွဲဖြစ်လိုက် လဲလိုက် ပြိုလိုက် လွဲလိုက် ချော်လိုက် ပုထုဇဉ်၏သဘော ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သတဲ့ သံသရာ ဟူသည် လည်နေသည် လှည့်နေသည် ပတ်နေသည် နိစ္စဟူ၍ ဘယ်မရှိ။ အနိစ္စသာ ထို့ကြောင့် ဗုဒ္ဒက….သဗေသင်္ခါရာအနိစ္စာ ဟု ဟောခဲ့လေသည် တစ်သမတ်တည်းရပ်နေ၍မရ တည်နေ၍မရ ပြောင်းရွေ့ရဦးမည်……………
Monday, 6 February 2012
ဆုတ်ခေတ်ကာလ..ရဲ့စိတ်
ပြောချင်တာလေးတွေပြောထားခဲ့ပါ
ဝတ္ထုစာများလိုအပ်ရင်ဒေါင်းသွား
# အနာဂတ်မျက်လုံးရှင် (အောင်ခန်.)
# ကာလီဒေ၀ီ (အောင်ခန်.)
# လက်သုံးတော်ဓါး (အောင်ခန်.)
# နေဘုရားတော် (အောင်ခန်.)
# အမွေ အောင်သင်း
# သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း
# ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
# အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
# သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)
* မဟာသေနာပတိ (ချစ်ဦးညို)
# တွေးသူများ (ကိုတာ)
# ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
# စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
# ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)
# စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)
# ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)
# ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)
# ၀ိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)
# သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)
# လက်မတင်ကလေး (ဒဂုန်ရွှေမျှား)
သူယောင်ရုပ် (ဒဂုန်ရွှေမျှား)
# ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
# ငယ်ကချစ် အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
# ရှက်ပြုံး (ချစ်စံဝင်း)
# ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)
# တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)
# တော (လင်းဝေမြိုင်)
မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)
# စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၁ (ဇင်သန်.)
# စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂ (ဇင်သန်.)
# စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)
# ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)
# သူတို.အမြင်သူတို.အတွေး (ပါရဂူ)
# ကလေးပြဿနာ (ပါရဂူ)
# သူ.လိုဘုရင် (ပါရဂူ)
# လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)
# သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)
# ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
# ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
# ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)
# တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)
# ၀သန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)
# ခေါင်းနှင့်ပန်း (ဖိုးဝမောင်)
# အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)
# ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)
# ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)
# အချစ် လက္ခဏာ (စံ-ဇာဏီဘို)
# အချစ် ဗေဒင် (စံ-ဇာဏီဘို)
# မီးပြတိုက် (ဆောင်းဝင်းလတ်)
# နံနက် ၃နာရီ (ဆောင်းဝင်းလတ်)
# ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)
# အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)
# အဖော် (ရှား)
# တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ (ရွှေဥဒေါင်း)
# မြတ်သက်မော် (ရွှေဥဒေါင်း)
# ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)
# ရတနာပုံ (ရွှေဥဒေါင်း)
# ခရီးထွက်ရန်စီစဉ်ကြခြင်း (ရွှေဥဒေါင်း)
# အနားသတ်သစ္စာ (စိုးမြတ်သူဇာ)
# ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)
# လူညာကြီး (ဆွေဆွေအောင်)
# လွယ်အိပ်ကလေး (ဆွေဆွေအောင်)
# အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)
# မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)
# ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)
# ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)
# ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)
# ကိုးမရှိတဲ့ န၀င်း(တာရာမင်းဝေ)
# အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)
# ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)
# ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)
# ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)
# ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)
# လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်(တာရာမင်းဝေ)
# ချစ်သုံးလီ (သန်းဆွေ)
# ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)
# ဘရန်ဒီတစ်ပုလင်း (သော်တာဆွေ)
# ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)
# အရှေ.ကနေ၀န်းထွက်သည့်ပမာ (သိန်းဖေမြင့်)
# မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)
# အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)
သုခ မှတ်စု
# ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
# ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
# အာဇာနည် (ဦးနု)
# တာတေ စနေသား (ဦးနု)
# ဘ၀အကျဉ်းသား (ဦးရွှေအောင်)
၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ
# HIV မှတ်စုများ ၂၀၀၄ (ဒေါက်တာသီဟ)
# ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)
# ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း) *****
# ယောနသံ ဇင်ယော် (ဦးဘသန်း)
မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ
# ကိုဒေါင်း (မောင်ထင်)
# ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)
# သွေး (ဂျာနယ်ကျော် မမလေး) ***
# ဂျုလိယက်ဆီဆာ (မန်းတင်)
# ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)
# ငှက်တွေ ဆောင်းမခိုမီ (ငြိမ်းအေးအိမ်)
# မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)
# မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)
# အဟိတ်- - - ၀တ္တုဇာတ်လမ်းများ (သိပ္ပံမောင်ဝ)
# ရတနာ လိုဏ်ဂူ (နတ်နွယ်)
အတွေးအမြင်စာစဉ်
# ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ (၀င်းဝင်းမြင့်)
# ဗေဒါလမ်း (ဇော်ဂျီ)
# ဝေေ၀ရီရီ ၀တ္တု (ဇော်ဇော်အောင်)
# မြိုင် (ဒဂုန်တာရာ)
# စက်ဝိုင်း (မစန္ဒာ)
# ငယ်သူမို.မသိပါ (မစန္ဒာ)
# ငြိုးမာန်ဖွဲ့သူရယ် (မစန္ဒာ)
# ဂျီဟောသူ (မစန္ဒာ)
# အရိပ် (မစန္ဒာ)
# ၀တ္တုတိုများ ၆ (မစန္ဒာ)
# ပုစ္ဆာ (မစန္ဒာ)
# မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ် (မောင်အံ့)
# ပစပ်ရာဇ၀င် (မှော်ပီဆရာသိန်းကြီး)
ကိုဒေါင်း (မောင်ထင်)
# မြန်မာ၁၂လအကြောင်း (မောင်ထင်)
# ဟာသများလက်ရွေးစင် (မောင်ကောင်းထိုက်)
# ဟာသများလက်ရွေးစင် ၂ (မောင်ကောင်းထိုက်)
# ဟာသများလက်ရွေးစင် ၁၄ (မောင်ကောင်းထိုက်)
# သေပြေးရှင်ပြေး (မောင်ပေါ်ထွန်း)
# ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး (မောင်စူးစမ်း)
# ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ (ဒေါက်တာအောင်ကျော်)
# တွေ.ရကြုံရ ရှတတလေးတွေ (အီကြာကွေး)
# မီးရောင်အောက်ကိုဝင်လျှင် (မိုးမိုး အင်းလျား)
# ဖြတ်သန်းသွားလာခွင့်မရှိ (မိုးနီလွင်)
# ပေတလူ (မင်းသိင်္ခ)
# ၀တ္တုတိုပေါင်းချုပ် (မင်းသိင်္ခ)
# ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း (မင်းသိင်္ခ)
# ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း (မင်းသိင်္ခ)
# မ" တတ်ပါ့" (မင်းသိင်္ခ)
# မအောင်ရင် (မင်းသိင်္ခ)
# မနောမယကိုပီတာ (မင်းသိင်္ခ)
# ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ (မြင့်သန်း)
# ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ (နန္ဒာသိန်းဇံ)
# အိုင်ဒီယာ အက်ဆေးများ (နေ၀င်းမြင့်)
# နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)
# ကျွန်တော်နှင့်လက်တွဲဖေါ်များ (နီကိုရဲ)
# ကျွန်တော်နှင့်ဈေးသည်အလွဲများ (နီကိုရဲ)
# တစ်သုံးခုနှစ်ရှစ် (နီကိုရဲ)
# လှည့်စား (နီကိုရဲ)
# သံစုံကြူးတဲ့ည (နီကိုရဲ)
# လွယ်အိတ်ထဲကအလွဲများ (နီကိုရဲ)
# နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ (နီကိုရဲ)
# ဇွတ် (နီကိုရဲ)
# ဇက်ပေါ်ကဆီးသီး (နီကိုရဲ)
# ရေပွက်ပမာ (မြသန်းတင့်)
# ကြာညိုနံ.သင်းသောရေ၀တီမ (မြသန်းတင့်)
# သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ (မြသန်းတင့်)
# လွမ်းလေကညင်း (နွမ်ဂျာသိုင်း)
# တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ် (နွမ်ဂျာသိုင်း)
# ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ (မစန္ဒာ)
# အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း (သိပ္ပံမောင်ဝ)
# မြတ်ဗုဒ္ဓ ဒေသနာ (ဒေါက်တာဝါလ်ပိုလာ)
# အမေနဲ့အမေ့အကြောင်း (ချစ်စံဝင်း)
# ဖူးစာရှင် (မင်းလူ)
# အမှတ်တရ (ဂျူး)
# ချစ်သူ၏သမီး(ဂျူး)
# ရေမျောသီး(ဂျူး)
# လေထဲမှာပျံဝဲသူများ(ဂျူး)
# ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
# အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ(ဂျူး)
# ကြယ်စင်တံတားကမ်းပါးနှင်းဖြူ(ဂျူး)
# ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့(ဂျူး)
# လရောင်ကိုကြောက်သူ(ဂျူး)
# ချစ်ခြင်း၏အနုပညာ(ဂျူး)
# မိန်းမနှစ်ယောက်(ဂျူး)
# မြရဲ့လ(ဂျူး)
# အက်ဆစ်တစ်ခွက်(ဂျူး)
# ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်(ဂျူး)
# ကျွန်မနဲ့ဆေးလိပ်(ဂျူး)
# ဆရာဝန်နှစ်ယောက်(ဂျူး)
# ကြယ်ကြွေတို့ရဲ့အတောင်ပံ(ဂျူး)
# ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
# လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း (ချစ်ဦးညို)
# ရှက်စိတ် (လူထုစိန်ဝင်း)
# အဖြူ (ဂျာနယ်ကျော် မမလေး)
# အတောင်ပံတွေရှိခဲ့ရင် (လွန်ထားထား)
# ရှူး (တာရာမင်းဝေ)
# ပင်လယ်နှင့်တူသောမိန်းမများ (ဂျူး)
# အပြင်ကလူ (ကြည်အေး)
# နွမ်းလျအိမ်ပြန် (ကြည်အေး)
# ကံကိုပြင်လိုက်ပါ (ရဝေနွယ်-အင်းမ)
# အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း (ကံချွန်)
# သစ်ရွက်တို့၏ပေါ့ဆခြင်းများ (ဝေမှူးသွင်)
# စက္ကူပန်းတွေရဲ့သီချင်း (ဝေမှူးသွင်)
နဂါးနိုင်ဓါး
# စိုမှာစိုးလို့မိုးမိတယ် (မင်းခိုက်စိုးစန်)
# ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး (မင်းခိုက်စိုးစန်)
# ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည (မင်းခိုက်စိုးစန်)
# ကလေးအတွေး (မင်းခိုက်စိုးစန်)