ဆရာတော် ကိုအလွန်လေးစားခဲ့တယ် ..ဘယ်ချိန်ကစပြီးတော့ လဲ ဆိုတော့ ဟိုငယ်ငယ် ကိုရင်ဘ၀လေးက စပြီးတော့ ဆရာတော် တရားတိတ်ခွေတွေ နားထောင်ရင်း လေးစားမိသွားတယ် ခုချိန်မှာ ဆရာတော် ဗရာဏသီရောက်ခိုက် ဆွမ်းလုပ်ကျွေးရတာ အလွန်ကို အားရမိပါတယ် ငယ်ငယ်က လေးစားကြည်ညိုမိတဲ့ ဆရာတော်ဟာ အရှင် တစ်ယောက် မထင်မှတ်ပဲ တိုင်းတပါးကို ပညာသင်ရည်နို့ သောက်နေခိုက် ဆရာတော်နဲ့ တွေ့ကြုံလို့ သြ၀ါဒ စကားလေးကို ကြားနာမိတယ်
(မင်းတို့ ပညာသင်ပြီး ဘာလုပ်ကြမှာလဲ ?ဆိုသော မေးခွန်းက အရှင်ရဲ့ရင်ထဲမှာ မရေရာ အသေချာသော ရည်မှန်းချက် လမ်းပျောက်နေသော ၀နာတောကြီးထဲမှာ အသိတရားတွေ အလင်းတန်းတွေ တစပေါ်ပေါက်လာမိတယ် .ဟုတ်တယ် တိုင်းတစ်ပါးမှာ ပညာသင်တယ် ဆိုတာ မလွယ်တဲ့ ကိစ္စပဲ မိဘ ဘိုးဖွား ဆွေမျိုးသားချင်းတို့ရဲ့ ထောက်ပံ့မူဖြင့် ပညာလာခဲ့ရတာ တိုင်းပြည်အတွက် သို့မဟုတ် ရပ်ရွာအတွက် ဆွေမျိုးအတွက်တော့ ငါဟာ မှီခိုစရာဖြစ်အောင် အရိပ်တစ်ခုတော့ တည်ဆောက်မယ်လို့ အသိတရား ၀င်ခဲ့မိတယ် ..အရှင်ဟာ ပြည်ပကို ထွက်ခဲ့စဉ်က ရည်မှန်းချက်ဆိုတာ နတ္ထိ ငယ်ယ်ရွယ်ရွယ်နဲ့ကျောင်းထိုင်ရလို့ စိတ်ညစ်ပြီးထွက်ခဲ့ခြင်းမျိုးဖြစ်ခဲ့တယ် ။ခုတော့ အဲဒါတွေကို ခ၀ါချလိုက်ပါပြီ ဘ၀သစ် လူသစ် စိတ်သစ်တွေ တည်ဆောက်ပြီး (ပညာသင်ပြီး ဘာလုပ်မလဲ ဆိုသော မေးခွန်းကို အဖြေရှာရင် ။
ဆက်လက်ရှောက်နေသော အရှင် ...............
No comments:
Post a Comment